တောင်ကိုရီးယားမင်းသားကြီး Shin Hyun-joon ဟာဆိုရင် ၁၉၆၈ ခုနှစ်မှာမွေးခဲ့တဲ့သူဖြစ်ပြီး လက်ရှိမှာအသက် ၅၄ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ Shin Hyun-joon က Barefoot Ki-bong ၊ Stairway to Heaven နဲ့the Marrying the Mafia sequels ဇာတ်လမ်းတွဲတွေနဲ့ လူကြိုက်များအောင်မြင်ခဲ့တဲ့သူဖြစ်ပြီး လှလွန်းတဲ့မျက်တောင်တွေကြောင့် အာရပ်မင်းသားအဖြစ်တောင် တင်စားခြင်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ 

Google
Google
Google

မင်းသားကြီး Shin Hyun-joon  က ၂၀၁၃ ခုနှစ်မှာ မြင်မြင်ချင်း သဘောကျ နှစ်သက်ခဲ့ရတဲ့ ချစ်သူလေးနဲ့လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ထူထောင်ခဲ့ပါတယ်။ Shin Hyun-joon က ချစ်ရတဲ့ ဇနီးသည်နဲ့ သားဦးလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပြီး အသက် ၅၀ ကျော်အရွယ်မှာ သမီးအထွေးဆုံးလေး နောက်တစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မင်းသားကြီး Shin Hyun-joon  က သမီးအရမ်းလိုချင်တဲ့ အဖေဖြစ်တာကြောင့် အသက် ၅၀ ကျော်မှ ရရှိခဲ့တဲ့ သမီးလေးကို တုန်နေအောင်ချစ်တဲ့အကြောင်း ကိုယ်တိုင် ဝန်ခံဖူးတဲ့သူဖြစ်ပါတယ်။ 

Google
Google

မင်းသားကြီး Shin Hyun-joon ရဲ့ သားဦးလေးကို ၂၀၁၆ ခုနှစ်မှာမွေးဖွားခဲ့ပြီး ၊ ဒုတိယသားလေးကို ၂၀၁၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အချစ်ရဆုံး သမီးထွေးလေးကိုတော့ ၂၀၂၁ ခုနှစ်မှာ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Instagram 
Instagram 
Instagram 

အသက်ကြီးမှ အိမ်ထောင်ပြုခဲ့ရသူဖြစ်တာကြောင့် ကလေးလေးတွေက ဖခင်ကြီးနဲ့ ယှဉ်လိုက်ရင် အရမ်းကိုအသက်ကွာလွန်းပါတယ်။ 

Instagram 
Instagram 

အသက်ကြီးမှ ရရှိပိုင်ဆိုင်ခဲ့တဲ့သမီးလေးတွေကို တုန်နေအောင်ချစ်လွန်းတဲ့မင်းသားကြီး Shin Hyun-joon  ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။