တောင်ကိုရီးယားမင်းသမီး Kang So Ra ဟာဆိုရင် မကြာသေးမီကမှ သူမရဲ့သမီးဦးလေးကို မွေးဖွားထားတာဖြစ်ပါတယ်။ Kang So Ra က အနုပညာလောကထဲကမဟုတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ ၂၀၂၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီးနောက်မှာ အနုပညာ အလုပ်တွေထဲကနေ အချိန်ကာလအတန်ကြာ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။ 

Google

Kang So Ra က ရင်သွေးမွေးဖွားပြီးနောက်မှာလည်း အချိန်ကာလ အတန်ကြာ ပျောက်ကွယ်နေခဲ့ပြီး အခုမှပရိသတ်တွေ အရှေ့ကို ပြန်ရောက်လာတာဖြစ်ပါတယ်။ 

Kang So Ra က ၄၃ ကြိမ်မြောက် Blue Dragon Film Awards ဆုပေးပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး အခမ်းအနားပွဲမှာ ပွဲ စီစဉ်သူအဖြစ်ပါ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

Google

မင်းသမီး Kang So Ra က ၂၀၂၀ ခုနှစ်မှာ သူမထက်အသက် ၈ နှစ်ပိုကြီးတဲ့ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ သမီးလေးတစ်ယောက်ကို မွေးခဲ့တာဖြစ်ပါတယ်။ 

Google

Kang So Ra က လှပတဲ့ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကြော့ရှင်းတဲ့ ကောက်ကြောင်းအလှလေးကြောင့်ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတာဖြစ်ပါတယ်။ 

Google

Kang So Ra က သမီးလေးကို မွေးထားတာ မကြာသေးတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့ အလှတွေက ၂၀ ကျော်အရွယ် အပျိုဖြန်းလေးတစ်ယောက်လိုမျိုး လှပနေတာကို ဓာတ်ပုံလေးတွေထဲမှာ တွေ့ရပါတယ်။ 

Google

ပရိသတ်တွေအရှေ့ကို တစ်ဖန်ပြန်ရောက်လာတဲ့ မင်းသမီး Kang So Ra ရဲ့ လက်ရှိပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။