Squid Game သရုပ်ဆောင် Oh Young Soo ဟာဆိုရင် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုတစ်ခုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

Google

Squid Game မင်းသားကြီး Oh Young Soo က လက်ရှိမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၇  ခုနှစ်တုန်းကအမျိုးသမီးတစ်ယောက်ကို မတော်မတရားကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ 

Google

မင်းသားကြီး Oh Young Soo က စွပ်စွဲချက် တွေအားလုံးကို ငြင်းဆန်ခဲ့ပေမယ့်လည်း နိုဝင်ဘာလ ၂၄ ရက်နေ့ကြာသပတေးနေ့မှာ အဖမ်းခံခဲ့ရပါတယ်။

Oh Young Soo က ၂၀၁၇ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို မရော်မကန်ထိပါးခဲ့တယ်လို့ သိရပြီး အဆိုပါအမျိုးသမီးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အမှုကို ဧပြီလမှာ ပိတ်သိမ်းလိုက်ပြီဖြစ်ပေမယ့် နစ်နာသူက ပြန်လည်တောင်းဆိုခဲ့တာကြောင့် ပြန်ဖွင့်ခဲ့တာလို့ သိရပါတယ်။ 

Google

မင်းသားကြီး Oh Young Soo က Squid Game ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပထမဦးဆုံး Golden Globe award ဆုကြီးကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။