တရုတ်နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Lin Yi နဲ့ မင်းသမီး Angela Baby တို့ချိန်းတွေ့နေကြတယ်ဆိုတဲ့သတင်းတွေဟာ ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားလျက်ရှိပါတယ်။ သူတို့နှစ်ဦးက အသက် ၁၀ နှစ်နီးပါးကွာတာကြောင့် ပရိသတ်တွေက မလိုက်ဖက်ဘူးလို့ ဝေဖန်ထားကြပါတယ်။
သူတို့နှစ်ဦးကို အခုနှစ် ဧပြီလကတည်းက တွဲပြီးတွေ့ခဲ့ကြတာလို့ သိရပါတယ်။ နှစ်ဦးသား ကော်ဖီဆိုင်မှာထိုင်နေတဲ့ ဓာတ်ပုံတွေ ပြန့်နှံ့လာပြီး နောက်မှာ အေဂျင်စီတွေဘက်က Angela Baby နဲ့တွဲတွေ့ရတဲ့သူက မင်းသား Lin Yi မဟုတ်ဘဲ မန်နေဂျာဖြစ်တယ်လို့ ဖြေရှင်းချက်တွေ ပြုလုပ်ခဲ့ပါတယ်။
Lin Yi က သူ့ထက်အသက် ၁၀ နှစ်ကျော်ပိုပြီးကြီးတဲ့ စီနီယာမမ Angela Baby ကို သဘောကျနှစ်သတ်ကြောင်း ဝန်ခံခဲ့ဖူးပါသေးတယ်။ အဲဒီအချိန်ကစပြီး ပရိသတ်တွေက သူတို့နှစ်ယောက်ဆက်ဆံရေးကို စိတ်ဝင်တစားနဲ့စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။
အခုတစ်ခေါက် dating news နဲ့ ပတ်သက်ပြီးတော့ နှစ်ဦးနှစ်ဖက် အေဂျင်စီဘက်ကနေ ဘာဖြေရှင်းချက်မှ ပြုလုပ်မထားရသေးပါဘူး။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။