ဟောင်ကောင်မှာကျင်းပမယ့် BLACKPINK အဖွဲ့ရဲ့ ဖျော်ဖြေပွဲအခမ်းအနားဟာဆိုရင် ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး လူပြောများနေခဲ့ပါတယ်။BLACKPINK က အဆိုပါ ဖျော်ဖြေပွဲကို ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့မှာ ဟောင်ကောင်မှာရှိတဲ့ Asia World Arena မှာ ၃ ရက် ၃ ညတိတိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Google

ဝက်ဘ်ဆိုဒ်စတင်ဖွင့်တဲ့အချိန်ကစပြီး BLACKPINK အဖွဲ့ရဲ့ လက်မှတ်တွေအားလုံးက ချက်ချင်းဆိုသလိုပဲ အကုန်လုံးရောင်းထွက်သွားပါတယ်။ ဒါ ကြောင့်မို့လို့ BLACKPINK အဖွဲ့ရဲ့ လက်မှတ်တွေက ပိုက်ဆံရှိနေရင်တောင် ဝယ်ယူလို့ မရတဲ့ လက်မှတ်တွေ ဖြစ်နေပါတယ်။

Google

လက်မှတ်ဈေးတွေကလည်း ချက်ချင်းဆိုသလို တဟုန်ထိုးဈေးတွေ မြင့်တက်သွားခဲ့ပါတယ်။ တချို့မှောင်ခိုသမားတွေကလည်း လက်မှတ်တွေကို အစောင်ရေများစွာ ဝယ်ယူထားပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းတာကြောင့် လက်မှတ်ဈေးက တစ်စောင်တည်းနဲ့တောင်ကိုရီးယား ဝမ် သိန်း ၁၂၀ (၁၂ သန်း) လောက်အထိ ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

Google

လက်မှတ်တွေကို မှောင်ခိုအနေနဲ့ ပြန်ပြီးရောင်းချလာတာနဲ့ပတ်သက်ပြီး ပရိသတ်တွေ အများစုက organizer တွေကို ဝိုင်းဝန်း အပြစ်တင်ထားကြပါတယ်။ တချို့ပရိသတ်တွေကလည်း အချိန်ကာလ ကြာမြင့်စွာနဲ့စောင့်ခဲ့ရတဲ့အပေါ် ပင်ပန်းသလောက် လက်မှတ် တစ်စောင်တောင် ဝယ်မရခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။