တောင်ကိုရီးယားမင်းသမီး Kim Jung-eun ဟာဆိုရင် ပေါ့ပါးကြည်လင်တဲ့အပြုံးလေးနဲ့ ရယ်လိုက်ရင် ပရိသတ်တွေ အားလုံးကို ကြွေသွားစေမယ့် မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ Kim Jung-eun က လက်ရှိမှာ အသက် ၄၆ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ၂၀ ကျော်အရွယ် ကောင်မလေးတစ်ယောက်လိုမျိုး နုပျိုနေဆဲပဲ ဖြစ်ပါတယ်။

Google
Google
Google
Google

Kim Jung-eun က ၂၀၀၂ ခုနှစ်မှာ Marrying the Mafia ၊ ၂၀၀၄ ခုနှစ်မှာ Paris ၊ ၂၀၁၀ ခုနှစ်မှာ I am Legend and Make a Woman Cry ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Kim Jung-eun က တစ်ခေတ်တစ်ခါက ဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်ပြီး အောင်မြင်မှုတွေ သိမ်းကြုံးရခဲ့တဲ့မင်းသမီးဆိုပေမယ့် နောက်ပိုင်းဇာတ်လမ်းတွေမှာ ထင်သလောက် အားရဖို့ မကောင်းခဲ့ပါဘူး။ ဒီလိုနဲ့ Kim Jung-eun က ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ပေမယ့် သူမနာမည်က အရမ်းကြီး လူသိမများခဲ့ပါဘူး။ မြန်မာ ပရိသတ်တွေကြားမှာ တဖြည်းဖြည်း နာမည် ကွယ် ပျောက်လုနီးပါး ဖြစ်နေတဲ့မင်းသမီး Kim Jung-eun က ၂၀၂၃ ခုနှစ်မှာလည်း ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်ဖို့အတွက် လျာထားလျှက်ရှိတယ်လို့ သိရပါတယ်။

Google

Kim Jung-eun က အိမ်ထောင်မပြုရသေးပေမယ့် ချစ်သူတော့ရှိနေတယ်လို့ သိရပါတယ်။

Google

အသက် ၄၆ နှစ်အရွယ်မှာ သူမဘဝကို ပျော်ရွှင်စွာ Single Life ဘဝနဲ့ ဖြတ်သန်းလျက်ရှိနေတဲ့ မင်းသမီး Kim Jung-eun အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။