တောင်ကိုရီးယားအကသမားလေး Honey J ဟာဆိုရင် သူမရဲ့ ကိုယ်ဝန်အခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ Honey J က သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာ မင်္ဂလာပွဲလေးကို ဆင်နွှဲခဲ့ပါတယ်။ မင်္ဂလာပွဲ ကျင်းပခဲ့တာ ၇ ရက်ဝန်းကျင်ပဲရှိသေးပေမယ့် Honey J က ကိုယ်ဝန်ရင့်နေပြီး ဗိုက်ကလေးဟာလည်းတော်တော်ထွက်လို့နေပါတယ်။

Google

အခုတစ်ယောက်မှာလည်း Honey J က ပူပူလုံးလုံးလေးဖြစ်နေတဲ့ သူမရဲ့ ဗိုက်လုံးလုံးလေးကို ပရိသတ်တွေကို ချပြပေးခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ Honey J က D ပုံစံကောက်ကြောင်းလေးကို ပေါ်လွင်စွာပြသထားပြီး ဗိုက်ကောက်ကြောင်းလေးကို ဖော်ပြထားပါတယ်။

Instagram

နောက်ထပ်ဓာတ်ပုံတစ်ပုံမှာလည်း Honey J က သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ ဓာတ်ပုံတွဲရိုက်ထားပါတယ်။ Honey J က အဆိုပါ ဓာတ်ပုံကို မိတ်ကပ်မပါဘဲ ရိုက်ခဲ့တာဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေပါတယ်။

Google
Google

Honey J က ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့သတင်းကို စက်တင်ဘာလ ကတည်းက ကြေညာပေးခဲ့တာဖြစ်ပြီး မင်္ဂလာပွဲကို နိုဝင်ဘာလမှ ကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကို နာမည်ကြီးကြယ်ပွင့်များစွာနဲ့ အကပညာရှင်တွေ များစွာ တက်ရောက်ခဲ့ပြီး ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။လက်ရှိမှာ သူတို့နှစ်ဦးက ဟန်းနီးမွန်းခရီးစဉ်အတွက် ဂျပန်နိုင်ငံ ၊ အော်စကာမြို့ကိုရောက်ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။