ဟောလိဝုဒ်အကျော်မော်အိမ်ဂျလီနာ ဂျိုလီဟာဆိုရင် သူမကို သတ်ဖို့အတွက် လူသတ်သမားအထိ ငှားခဲ့ဖူးတယ်လို့ ဆိုလာပါတယ်။ ဒီအကြောင်းအရာကို အိမ်ဂျလီနာဂျိုလီ က ကိုယ်တိုင်ဖွင့်ဟပြောဆိုခဲ့တာကြောင့် ပရိသတ်တွေများစွာကို အံ့ဩတုန်လှုပ်စေခဲ့ပါတယ်။ အိမ်ဂျလီနာဂျိုလီ က သူမကို သေကြောင်းကြံစည်ပေးဖို့ လူသတ်သမားကို ငှားခဲ့တယ်ဆိုတဲ့သတင်း ထွက်ခါစမှာ မယုံနိုင်အောင်ဖြစ်ခဲ့သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။

Google

အိမ်ဂျလီနာဂျိုလီ က ဘရက်ပစ်နဲ့ အတူနေစဉ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မကြာခဏလည်း ရန်ဖြစ်တာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါ ကြောင့် အိမ်ဂျလီနာဂျိုလီက သူမကိုယ်သူမ အဆုံးစီရင်ဖို့အတွက် ကြိုးစားတာက အကောင်းဆုံးနည်းလမ်းလို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google

အိမ်ဂျလီနာဂျိုလီ က သူမဘဝမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး စိတ်ကျရောဂါနဲ့ စိတ်ရှုပ်စရာတွေနဲ့ပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ ကြောင့် သူမက လူသတ်သမားတစ်ယောက်ကို ငှားပြီး သူမကိုသတ်ပေးဖို့အတွက် တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ သူမအနေနဲ့ သေကြောင်းကြံစည်ခဲ့မယ်ဆိုရင် အခြားကျန်ခဲ့တဲ့သူတွေအနေနဲ့ သူမအတွက် အပြစ်မကင်းသလိုမျိုး ခံစားရမှာဖြစ်တာကြောင့် လူသတ်သမားတစ်ယောက်ငှားပြီး သေကြောင်းကြံစည်တာက အခြားသူတွေအတွက်လည်း အပြစ် ပိုပြီးလျော့စေနိုင်တယ်လို့ ဆိုပါတယ်။

Google

မင်သမီး အိမ်ဂျလီနာဂျိုလီက အသက် ၁၉ နှစ်အရွယ်မှာ ပထမဦးဆုံးအနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်မှာ ပထမဦးဆုံးသေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Google

အိမ်ဂျလီနာဂျိုလီ က လူသတ်သမားနဲ့ မျက်နှာချင်ဆိုင်း တိုင်ပင်ခဲ့တာအထိလုပ်ခဲ့တာဖြစ်ပေမယ့် လူသတ်သမားရဲ့ နားချမှုကြောင့် ဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ဂျလီနာဂျိုလီက လက်ရှိမှာ ဆိုးရွားတဲ့ အခြေအနေကို ကျော်လွှားနိုင်ခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေတယ်လို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။