တောင်ကိုရီးယားမင်းသား Park Shin-yang ဟာဆိုရင် နာမည်ကြီးတဲ့ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွေထဲက တစ်ကားကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lovers in Paris ဆိုတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

Google
Google

မင်းသား Park Shin-yang က ၂၀၀၂ ခုနှစ်မှာ သူ့ထက်အသက် ၁၃ နှစ်ပိုပြီးငယ်တဲ့ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ အဘိုးက  Hagen Daaz Korean Branch ရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပြီး ပိုက်ဆံချမ်းသာတဲ့သူလို့ နာမည်ကြီးတဲ့သူဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ဦးက လက်ထပ်ပြီးတဲ့နောက်မှာ Park Seung-chae လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမက တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့သူဆိုပေမယ့် အမေရိကန်နိုင်ငံသားအဖြစ် စာရင်းသွင်းထားတဲ့သူဖြစ်ပါတယ်။

Google

မင်းသား Park Shin-yang က အသက် ၂၀ ကျော် ကာလတွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမယ့် အသက် ၄၀ ကျော် ၅၀ အရွယ်မှာတော့ ထင်ထားသလောက် အောင်မြင်မှု မရခဲ့တော့ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေက  တော့ ဘဝတစ်သက်စာ စားကုန်တော့မှာတောင်မဟုတ်တော့ပါဘူး။

Google

တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲမင်းသားဖြစ်ခဲ့ဖူးပေမယ့် အနုပညာလောကထဲက ပျောက်ကွယ်သွားတဲ့ မင်းသား Park Shin-yang အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။