မင်းသားကြီး Cha In-Pyo ဟာဆိုရင် တောင်ကိုရီးယားအနုပညာ လောကမှာ ကလေးမွေးစားထားတဲ့ ပထမဦးဆုံးသော အနုပညာရှင် ဖြစ်ပါတယ်။ မင်းသားကြီး Cha In-Pyo က မင်းသမီး Shin Ae-Ra နဲ့ ဆယ်စုနှစ် ၂ ခုကျော်လောက် ချစ်ကျွမ်းဝင်ပြီးမှ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် မင်းသားကြီးရဲ့အသက်က ၅၅ နှစ်အရွယ်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးက သမီးလေးကို အရမ်းလိုချင်ကြတာကြောင့် ကလေးမွေးစားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သမီးလေးနှစ်ယောက်ကို ရယူမွေးစားခဲ့ပါတယ်။ မင်းသား Cha In-Pyo နဲ့ မင်းသမီး Shin Ae-Ra တို့က ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တို့မှာ ချစ်ဖို့ကောင်းတဲ့ သမီးလေး ၂ ယောက်ကို မွေးစားခဲ့ပါတယ်။ သူတို့နှစ်ဦးက သွေးသားအရင်း သားဦးလေးကို ရရှိပိုင်ဆိုင်ပြီးသွားပေမယ့် သမီးမိန်းကလေး အရမ်းလိုချင်တာကြောင့် သမီးမိန်းကလေး ၂ ယောက်ကို ထပ်မံပြီး မွေးစားခဲ့ပါတယ်။

Google

Cha In-Pyo က သားလေးကို မွေးဖွားပြီးနောက်မှာ သမီးမိန်းကလေး တစ်ယောက်ကိုလည်း အရမ်းလိုချင်လာကြောင်း ဆိုခဲ့ပါတယ်။ ဒါ ကြောင့် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားခဲ့ပြီး အရမ်းအဆင် ပြေတာကြောင့် နောက်ထပ် သမီး မိန်းကလေးတစ်ယောက်ကို ထပ်မံ မွေးစားခဲ့တယ်လို့ ဆိုပါတယ်။

Google
Google

အဲဒီအချိန်မှာ သမီး အကြီးလေးက အသက်ကြီးလာရင်သူမရဲ့ မွေးမိခင် ၊ ဖခင်တို့နဲ့ တွေ့ချင်ကြောင်း ထပ်ပြီးတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ ပေမယ့် မိဘအရင်းတွေနဲ့သွားတွေ့တဲ့အချိန်မှာ အရမ်းကြောက်တာကြောင့် မွေးဖွားမိဘတွေနဲ့အတူ သွားလိုကြောင်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ သူမကြောက်တဲ့ အကြောင်းအရင်းက မိဘတွေနဲ့ တွေ့ပြီး အိမ်ကို ပြန်မလာနိုင်မှာကို အရမ်းစိုးရိမ်တာကြောင့် မွေးစားမိဘတွေနဲ့ သွားလိုတာဖြစ်တယ်လို့ဆိုပါတယ်။

Google
Google

Cha In-Pyo ကတော့ မွေးစားသမီးလေးတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပြီး ဘယ်အချိန်ဖြစ်ဖြစ် တံခါးဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မွေးစားသမီးလေးတွေရဲ့အသက်က ဆယ်ကျော်သက်အရွယ်တောင် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။