တောင်ကိုရီးယားမင်းသမီးကြီး Youn Yuh-jung ဟာဆိုရင် ၁၉၆၆ ခုနှစ်ကနေ လက်ရှိအချိန်အထိ အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမက အချစ်ကို ရူးရူးမူးမူး စွဲလမ်းခဲ့ တဲ့သူဖြစ်ပြီး ဘာမှ မရှိတဲ့အခြေအနေမှာတောင် ပျော်ပျော်ကြီး လွတ်လွတ်လပ်လပ် နေထိုင်တတ်တဲ့ သူဖြစ်ပါတယ်။

Google

Youn Yuh-jung က ၁၉၇၀ ခုနှစ် ငယ်ရွယ်နုပျိုနေတဲ့ အသက် ၂၈ နှစ်အရွယ်မှာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့ပြီး အမေရိကားနိုင်ငံမှာ အခြေချနေထိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့သူဖြစ်ပါတယ်။ Youn Yuh-jung က အနုပညာအလုပ်တွေ အားလုံးကို စွန့်လွှတ်ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူကာ သာမန်သူတစ်ယောက်လိုမျိုး အေးအေးချမ်းချမ်းနေထိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကံတရားက သူမကို အခွင့်အရေး မပေးခဲ့ပါဘူး။

Google

Youn Yuh-jung က ခင်ပွန်းဖြစ်သူ အမေရိကားမှာ ပညာသင်ကြားဖို့ အပြည့်အဝ ထောက်ပံ့ပေးခဲ့တဲ့သူဖြစ်ပြီး အိမ်အကူအလုပ်တွေ အထိ လုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ဆိုးရွားလွန်းလှတဲ့ လောကဓံတွေကို ရင်ဆိုင်ပြီးနောက်မှာ Youn Yuh-jung က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။

Google
Google
Google

Youn Yuh-jung က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးနောက်မှာ တောင်ကိုရီးယားကို ပြန်လာပြီး အနုပညာအလုပ်တွေ ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ်အပိုင်းအခြားရယ် ၊ ကလေး ၂ ယောက် အ‌မေ ဖြစ်တာရယ်ကြောင့် သူမအလုပ်တွေက ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

Google

မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မင်းသမီးကြီး Youn Yuh-jung က အနုပညာလောကမှာ ခိုင်မာတဲ့နေရာတစ်နေရာ ရရှိခဲ့ပြီး အောင်မြင်မှုတွေ ပြန်လည် ရရှိခဲ့ပါတယ်။ ဒါ ပေမယ့်လည်း Youn Yuh-jung က အိမ်ထောင်ထပ်ပြီးပြုဖို့ အတွက် မစဉ်းစားတော့ဘဲ သားသမီးတွေကို သူမတစ်ယောက်တည်း ခွန်အားနဲ့သာ စောင့်ရှောက်ပေးခဲ့ပါတယ်။

Google

မင်းသမီးကြီး Youn Yuh-jung က လက်ရှိမှာ အသက် ၇၅ နှစ်အရွယ်တောင် ရှိလို့နေပြီပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။