တောင်ကိုရီးယားမင်းသား Kim Hye Sung ဟာဆိုရင် ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး ဇာတ်ကားပေါင်းများစွာနဲ့အောင်မြင်မှု ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Kim Hye Sung က ၂၀၀၄ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး ချောမောလွန်းတဲ့ရုပ်ရည်လေးကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ခဲ့ရပါတယ်။ Kim Hye Sung က ၂၀၀၆ ကနေ ၂၀၀၇ ခုနှစ်မှာ High Kick ဇာတ်လမ်းမှာ ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ “Distorted” နဲ့ “Mad Dog” ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Google
Google

မင်းသား Kim Hye-sung က ၂၀၁၂ ခုနှစ်ကတည်းက စစ်မှုထမ်းကာလ ပြီးဆုံးသွားခဲ့တာဆိုပေမယ့်လည်း အနုပညာလှုပ်ရှားမှုတွေထဲမှာ သူ့ကို သိပ်ပြီး မတွေ့ရတော့ပါဘူး။ Kim Hye-sung က ပရိသတ်အခိုင်အမာရှိထားပြီးသားသူဖြစ်တာကြောင့် အမှန်တကယ်သာ ကြိုးစားမယ်ဆိုရင် သူ့ရဲ့အောင်မြင်မှုက တားဆီးလို့တောင် ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ ပေမယ့်လည်း Kim Hye-sung က အနုပညာလှုပ်ရှားမှုတွေကနေ အနားယူသွားခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်ခြင်း မရှိတော့ပါဘူး။ သူနောက်ဆုံးပါဝင်ထားတဲ့ ဇာတ်လမ်းကတော့ ၂၀၁၇ ခုနှစ်တုန်းက Mad Dog ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

Google
Google

ပရိသတ်တွေက Kim Hye-sung ရဲ့ ဇာတ်ကားအသစ်လေးတွေကို မျှော်နေပေမယ့်လည်း Kim Hye-sung က ပရိသတ်တွေအရှေ့ကို ထပ်ပြီး ပေါ်မလာတော့ပါဘူး။ အဲဒါတင်မကသေးပါဘူး။ နေ့စဉ်ဘဝပုံရိပ်တွေကို အမြဲလိုလို ဝေမျှပေးလေ့ရှိတဲ့ လူမှုကွန်ရက်စာမျက်နှာကိုလည်း Kim Hye-sung က သီးခြားအနေနဲ့ ပိတ်ပစ်လိုက်ပါတယ်။

Google
Google
Google

ပရိသတ်တွေကတော့ Kim Hye-sung ရဲ့ ဇာတ်ကားအသစ်တွေကို ထပ်မံပြီး စောင့်မျှော်လျက်ရှိပါတယ်။ Kim Hye-sung က လက်ရှိမှာ ၃၄ နှစ်ရှိနေပြီဖြစ်တာကြောင့် အသက် အရွယ်အားဖြင့်လည်း အနည်းငယ်ပိုပြီး ကြီးနေပြီပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။