တောင်ကိုရီးယားမင်းသား Won Bin ဟာဆိုရင် ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Won Bin က ဇနီးဖြစ်သူ Lee Na Young နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ လျို့ဝှက်ဆန်းကြယ်စွာနဲ့ အနုပညာလောကထဲကနေ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။

Google
Google
Google

Won Bin  နဲ့ Lee Na Young တို့ ဇနီးမောင်နှံက ဂန်းနမ်းမှာရှိတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းတန် ၊ ဈေးအကြီးဆုံးနေအိမ်ကြီးမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံက ရဲတိုက်ကြီးအလားခန့်ညားလှစွာနဲ့ ဒီဇိုင်းပုံဖော် ဖန်တီးထားတဲ့ နေအိမ်ကြီးမှာ နေထိုင်နေလျက်ရှိတာဖြစ်ပါတယ်။

Google
Google

Won Bin နဲ့ Lee Na Young တို့က ၂၀၁၅ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သားလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။  Won Bin က သူတို့ရဲ့သားလေးကို အသက်သာဆုံးနည်းနဲ့ သာမန်သူတွေအတိုင်း စောင့်ရှောက်ပြုစုပေးခဲ့တာဖြစ်တယ်လို့ ဝန်ခံထားပြီး ကလေးတစ်ယောက်အနေနဲ့ စိတ်အသက်သာဆုံး ဖြစ်စေချင်တယ်လို့လည်းဆိုပါတယ်။ ဒါ ကြောင့်သူတို့ရဲ့သားလေးကို ပရိသတ်တွေရှေ့ကို ထုတ်မပြတာဖြစ်ပြီး စိတ်အေးချမ်းသာစွာနဲ့သာနေထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။

Google
Google
Google

Won Bin က သူ့ရဲ့သားလေးကိုတောင်ကိုရီးယားနိုင်ငံရဲ့ ဈေးအကြီးဆုံး မူကြိုကျောင်းမှာထားထားပြီး လိုလေသေးမရှိ အသက်သာဆုံးနည်းလမ်းနဲ့ရှိစေခဲ့ပါတယ်။ အဲဒါအပြင် သူတို့နှစ်ဉီးက ပညာသင်ကြားဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အပြည့်အစုံထည့်ပေးထားတဲ့ အိမ်တစ်လုံးကိုလည်း သားလေးအတွက် သီးသန့်ဆောက်ပေးထားတယ်လို့ ဆိုပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။