တောင်ကိုရီးယားမင်းသား Choi Soo-jong ဟာဆိုရင် လက်ရှိမှာ အသက် ၆၀ နှစ်အရွယ်တောင် ရှိလို့နေပြီပဲ ဖြစ်ပါတယ်။ Choi Soo-jong က ၁၉၈၇ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး ပွဲဦးထွက်ကတည်းက နာမည်ကောင်းတွေ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Choi Soo-jong က မင်းသမီး Ha Hee-ra နဲ့ ၁၉၉၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်နဲ့သမီးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မင်းသားကြီး Choi Soo-jong က နှစ်ပေါင်းများစွာကြာ ခိုင်မြဲပြီး သစ္စာရှိတဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Google
Google
Google

မိသားစုနဲ့ပတ်သက်ပြီး ထုတ်ဖော်ရတာကို ကြိုက်နှစ်သတ်တဲ့ မင်းသားကြီးက ငယ်ငယ်ကတည်းက သူ့ရဲ့ မိသားစုကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးပြီးသားဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မင်းသားကြီး Choi Soo-jong ရဲ့ သားနဲ့သမီးတို့က အသက်တော်တော်ကြီးလာပြီဖြစ်ပြီး မိဘတွေနဲ့တောင် ရွယ်တူတွေ ဖြစ်လို့နေပါပြီ။ Choi Soo-jong ရဲ့ သမီးလေးဆိုရင် အိမ်ထောင်ရက်သားတောင် ကျနေပြီလို့ သိရပါတယ်။

Google
Google

Choi Soo-jong က ဇနီးသည်နဲ့ လက်ထပ်ထားတာ အချိန်တော်တော် ကြာနေပြီဖြစ်ပေမယ့် ဆယ်ကျော်သက်ကြင်စဦး ဇနီးမောင်နှံတွေလိုမျိုး ချစ်ဆဲ ကြင်နာဆဲပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက နှုတ်ခမ်း နီမလေးတွေရဲ့ အသဲစွဲဖြစ်တဲ့ မင်းသားကြီး Choi Soo-jong ရဲ့ လက်ရှိ အခြေအနေလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။