တောင်ကိုရီးယားမင်းသား Lee Sang Bo ဟာဆိုရင် သူ့မိသားစုရဲ့ စိတ်မကောင်းဝမ်းနည်းဖို့ကောင်းတဲ့ ဖြစ်စဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Lee Sang Bo က Channel S ရဲ့ Attack on Sisters အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး အဆိုပါ အစီအစဉ်မှာ သူ့ဘဝရဲ့စိတ်မကောင်းစရာ အဖြစ်ကို ဝေမျှပေးခဲ့ပါတယ်။

Google

မင်းသား Lee Sang Bo က အောက်တိုဘာလမှာ ဆေးစွဲနေတယ်လို့ စွပ်စွဲခြင်းလည်း ခံခဲ့ရပါတယ်။ Lee Sang Bo က ဆိုရွားလွန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပြီးတဲ့နောက်မှာ နေအိမ်ကနေ အဝေးဆုံးကို ထွက်ခဲ့ပြီး အကောင်းဆုံး အနားယူခဲ့တယ်လို့ ဆိုပါတယ်။ Lee Sang Bo က ပြစ်တင်ဝေဖန်မှုတွေများစွာကို မခံစားနိုင်လွန်းလို့ သူနေထိုင်တဲ့ မြို့ပြကြီးရဲ့ အဝေးဆုံးကိုတောင် ပြေးထွက်သွားခဲ့ပါတယ်။

Google

Lee Sang Bo ရဲ့ ဖခင်ဟာဆိုရင်လည်း ၂၀၁၀ ခုနှစ်တုန်းက ကွယ်လွန်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ Lee Sang Bo ရဲ့ မိခင်ဖြစ်သူဟာဆိုရင်လည်း အဆုတ်ကင်ဆာနဲ့ ၂၀၁၈ ခုနှစ်တုန်းက ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

Google
Google
Google

Lee Sang Bo ရဲ့ မိခင်ကြီးက သားဖြစ်သူကို စိတ်မကောင်းဝမ်းနည်းတာ မဖြစ်စေချင်ဘူးဆိုတဲ့စကားကြောင့် Lee Sang Bo က မျက်ရည်တွေကို ပြန်သုတ်ပြီး အကောင်းဆုံး ရှင်သန်နေထိုင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ Lee Sang Bo ရဲ့ အစ်မဖြစ်သူဟာဆိုရင်လည်း ဆုံးပါးသွားခဲ့တာမကြာသေးဘူးလို့ သိရပါတယ်။

Google

အခက်အခဲတွေ အများကြီးကြားမှာ လူ့လောကကြီးထဲမှာ တစ်ယောက်တည်း ထားခဲ့တဲ့ မိသားစုဝင်တွေအတွက် နောင်တရတဲ့အကြောင်းကို ဝေမျှပေးခဲ့တဲ့ တောင်ကိုရီးယားမင်းသားကြီး Lee Sang Bo ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။