တောင်ကိုရီးယားနာမည်ကြီး မင်းသားများဟာဆိုရင် ငယ်ရွယ်နုပျိုလွန်းပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက် ရရှိခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေက ငယ်ရွယ်လွန်းပြီး နုပျိုလွန်းတဲ့ပုံစံကြောင့် ဘယ်အချိန်ကြည့်ကြည့် ချောမောခန့်ညားနေဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ပရိသတ်တွေ အမြင်မှာတော့ အသက်ကြီးလွန်းတဲ့ မင်းသားတွေက ငယ်ရွယ်လွန်းတဲ့မင်းသမီးတွေနဲ့ တွဲဖက်တဲ့အပေါ်ကို မလိုက်ဖက်ဘူးလို့ ဆိုကြပါတယ်။

1. Lee Byung Hun

Google

တောင်ကိုရီးယားမင်းသား Lee Byung Hun ဟာဆိုရင် အချစ်ဇာတ်လမ်းတွေထက် ဇာတ်ကြမ်းတွေနဲ့ပိုပြီး လိုက်ဖက်တဲ့သူဖြစ်ပါတယ်။ Lee Byung Hun က အသက်အရွယ်အားဖြင့် ၅၀ ကျော်နေပြီဆိုပေမယ့် မင်းသမီးတွဲတဲ့နေရာမှာ ငယ်ရွယ်တဲ့သူနဲ့သာ တွဲလေ့တွဲထရှိပါတယ်။ Lee Byung Hun နဲ့တွဲပြီး သရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးတွေက Kim Tae Hee (Iris) ၊  Kim Tae Ri (Mr. Sunshine) နဲ့ Shin Min Ah (Our Blues) တို့ပဲ ဖြစ်ပါတယ်။ သူတို့တွေ အားလုံးက Lee Byung Hun ထက် အသက် ၁၃ နှစ်ခန့်ပိုပြီး ငယ်ကြပါတယ်။ Lee Byung Hun ရဲ့ သရုပ်ဆောင်အရည်အချင်းတွေက အသက်ကွာတယ်ဆိုတာကို မသိသာစေပေမယ့် တချို့ပရိသတ်တွေကတော့ မင်းသမီးငယ်လေးတွေနဲ့ တွဲရိုက်တာကို မကြိုက်ကြပါဘူး။

2. So Ji Sub

Google

တောင်ကိုရီးယားမင်းသား So Ji Sub ဟာဆိုရင်လည်း အသက်အရွယ်အပိုင်းအခြားမျိုးစုံက မင်းသမီးတွေနဲ့ တွဲပြီးဇာတ်လမ်း ရိုက်ဖူးတဲ့သူဖြစ်ပါတယ်။ So Ji Sub က စီနီယာမင်းသမီးတွေဖြစ်တဲ့ Son Ye Jin၊ Sung Yu Ri,၊ Ha Ji Won နဲ့ Im Soo Jung တို့နဲ့ တွဲပြီး သရုပ်ဆောင်ခဲ့ဖူးရုံသာမက Kim Ji Won နဲ့ Jung In Sun တို့လိုမျိုး ငယ်ရွယ်တဲ့သူလေးတွေနဲ့လည်း သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း So Ji Sub က ငယ်ရွယ်တဲ့ မင်းသမီးလေးတွေနဲ့ တွဲပြီး သရုပ်ဆောင်ဖို့ မလိုက်ဖက်တော့ဘူးလို့ ဝေဖန်ချက်တွေ ရရှိထားပါတယ်။

3. Song Seung Hun

Google

တောင်ကိုရီးယားမင်းသား Song Seung Hun ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါက ဂျွန်ဆောဆိုပြီး နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ Song Seung Hun က ခန့်ညားချောမောလွန်းပြီး ယောကျာ်းပီသတဲ့သူဖြစ်သလို ဘယ်အချိန်ကြည့်ကြည့် အိုမင်းမလာတဲ့သူလည်းဖြစ်ပါတယ်။ ဒါ ပေမယ့်လည်း ငယ်ရွယ်တဲ့သူတွေနဲ့ သရုပ်ဆောင်တဲ့အခါမှာ Song Seung Hun က လိုက်ဖက်မှု မရှိဘူးလို့ ဝေဖန်ခြင်း ခံခဲ့ရပါတယ်။

4. Ji Sung

Google

တောင်ကိုရီးယားမင်းသား Ji Sung ဟာဆိုရင်လည်း ငယ်ရွယ်တဲ့မင်းသမီးလေးတွေဖြစ်တဲ့ Hwang Jung Eum ၊ Han Ji Min ၊ Hyeri နဲ့ Lee Se Young, တို့လိုမျိုး သရုပ်ဆောင်တွေနဲ့ တွဲဖက်ပြီး ဇာတ်လမ်းတွဲတွေ ရိုက်ကူးလေ့ရှိတဲ့သူဖြစ်ပါတယ်။ Ji Sung က အရည်အချင်းရှိတဲ့ သရုပ်ဆောင်ဆိုပေမယ့် ငယ်ရွယ်ပြီး အတွေ့အကြုံနုတဲ့ သရုပ်ဆောင်တွေနဲ့ တွဲဖက်ပြီး ဇာတ်လမ်းရိုက်ကူးရတဲ့အချိန်မှာ အခက်အခဲတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။

5. Kim Jae Wook

Google

တောင်ကိုရီးယားမင်းသား Kim Jae Wook ဟာဆိုရင်လည်း Park Min Young ၊ Krystal Jung နဲ့ Kim Jae Wook တို့လိုမျိုး ငယ်ရွယ်တဲ့သူတွေနဲ့ တွဲပြီး သရုပ်ဆောင်လေ့ရှိတဲ့သူဖြစ်ပါတယ်။ Kim Jae Wook ရဲ့ ချောမောလွန်းတဲ့ပုံရိပ်က တွဲသရုပ်ဆောင်တဲ့မင်းသမီးငယ်လေးတွေကို အသက်ကွာလို့ ကွာမှန်းမသိအောင် ဖြစ်စေပေမယ့်လည်း တချို့ပရိသတ်တွေကတော့ ဇာတ်ကောင်တွေရဲ့ အသက်ကွာခြားမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။