တောင်ကိုရီးယားမင်းသား Ji-sung နဲ့ မင်းသမီး Lee Bo-young တို့ရဲ့ သမီးကြီးလေးဟာဆိုရင် ပရိသတ်တွေကို သူမရဲ့ အနုပညာအရည်အချင်းတွေနဲ့ အံဩတုန်လှုပ် အောင်လုပ်ဆောင်ခဲ့ပါတယ်။

Google
Google
Google

မင်းသား Ji-sung က သူ့ရဲ့သမီးဖြစ်သူရဲ့ အနုပညာထူးချွန်မှုလေးကို ပန်းချီကားလေးကနေ တဆင့် ပြသခဲ့တာဖြစ်ပါတယ်။ Ji-sung ပြခဲ့တဲ့ ပန်းချီကားလေးထဲမှာ ငှက်ကလေးတစ်ကောင်နဲ့ပန်းပွင့်လေးတစ်ပွင့်ပါဝင်ပြီး အသက်ဝင်ကာ ချစ်ဖို့ကောင်းလွန်း နေပါတယ်။ အဆိုပါပန်းချီကားလေးကို Ji-sung ရဲ့ အသက် ၈ နှစ်အရွယ်သာရှိသေးတဲ့ သမီးလေးက ရေးဆွဲထားတာဖြစ်လို့ ပရိသတ်တွေများစွာက အံ့ဩနေကြတာဖြစ်ပါတယ်။

Instagram
Instagram

မင်းသား Ji-sung နဲ့ မင်းသမီး Lee Bo-young တို့က ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သမီးကြီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ပထမဦးဆုံးသမီးလေးကို ၂၀၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အခုနှစ်မှာ အသက် ၈ နှစ်အရွယ် ဖြစ်သွားပြီပဲ ဖြစ်ပါတယ်။

Google
Google

ဒုတိယသားလေးကို ၂၀၁၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာ အသက် ၄ နှစ်အရွယ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း မင်းသား Ji-sung က သူ့ရဲ့သားလေးနဲ့သမီးလေးပုံကို အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။