တောင်ကိုရီးယားမင်းသမီး Suzy ရဲ့ မိခင်ကြီးဟာဆိုရင် အလှူပွဲတွေနဲ့ပရဟိတအခမ်းအနားတွေမှာ ပါဝင်ဖျော်ဖြေဖို့အတွက် စိတ်ပါဝင်စားတဲ့သူဖြစ်ပါတယ်။ Suzy ရဲ့ မိခင်ကြီးနာမည်က Jung Hyun Sook ဖြစ်ပြီး အကပညာပိုင်းမှုထူးချွန်လွန်းတဲ့သူဖြစ်ပါတယ်။ Maha Dance အကအဖွဲ့ရဲ့ အဆိုအရ Suzy ရဲ့မိခင်ကြီးက ကိုရီးယားယဉ်ကျေးမှုနဲ့အနုပညာဌာနရဲ့ executive director တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

Google

Suzy ရဲ့ အမေက သမီးဖြစ်သူရဲ့နာမည်ကို ထုတ်ဖော်ပြောကြားလေ့သိပ်ပြီး မရှိတဲ့သူဖြစ်တယ်လို့ သိရပါတယ် ။ ဒါပေမယ့်လည်း အကလောကမှာတော့ အလှူအတန်းရက်ရောပြီး ထိပ်တန်းအဖြစ် ရပ်တည်နေတယ်ဆိုတာကိုတော့ ငြင်းဆန်လို့ မရပါဘူး။ Suzy က မိခင်ဖြစ်သူရဲ့ အနုပညာအမွေတွေ များစွာဆက်ခံရရှိထားတဲ့သူဖြစ်ပြီး အလှူအတန်းလည်း ရက်ရောလွန်းတဲ့ကောင်မလေး ဖြစ်ပါတယ်။

Google
Google
Google

တောင်ကိုရီးယားမင်းသမီး Suzy က လက်ရှိမှာ Netflix ရဲ့ The Girl Downstairs ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ထားပါတယ်။

Google
Google

စိတ်သဘောထားကောင်းမွန်လွန်းလှပြီး အနုပညာ ပါရမီ တစ်ဖက်ကမ်းခပ်ပါလွန်းလှတဲ့ တောင်ကိုရီးယားမင်းသမီး Suzy နဲ့ သူမရဲ့ မိခင်ကြီးတို့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။