တောင်ကိုရီးယားမင်းသား Lee Seung Gi ဟာဆိုရင် သူလုပ်ကိုင်နေတဲ့ Hook entertainment ရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ Lee Seung Gi က အဆိုပါ Hook entertainment မှာ ၆၇၄၃ ရက်ကြာ နှစ်ပေါင်း ၁၈ နှစ်တိတိ မညည်းမညူအလုပ်လုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ ပေမယ့်လည်း ၁ ဝမ်တောင်မှ ပြန်ပြီး လက်ခံမရခဲ့ဘူးလို့ သိရပါတယ်။

Google
Google

သေချာပြန်ပြီး စိစစ်ကြည့်လိုက်တဲ့အချိန်မှာ Lee Seung Gi နဲ့ Hook Entertainment ကကျေးကျွန်တစ်ယောက် စာချုပ်ချုပ်ထားသလိုမျိုး ဖြစ်လို့နေပါတယ်။ Lee Seung Gi က အချိန်ကာလ ၁၈ နှစ်တိုင်အောင် အကျင့်ပျက်ချစားမှုတွေထဲမှာနေထိုင်ခဲ့ရတာဖြစ်ပါတယ်။ Lee Seung Gi က ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သီချင်းကနေရရှိတဲ့ အမြတ်ငွေတွေကို ခေါင်းပုံဖြတ်ခြင်းခံခဲ့ရပါတယ်။ဘယ်လောက်ရလဲဆိုတာကိုတောင် Lee Seung Gi က အတည်မပြုနိုင်ခဲ့ပါဘူး။

Google
Google
Google

Lee Seung Gi က သူလုပ်ထားတဲ့အလုပ်တွေကနေပြီး အခကြေးငွေကိုလည်း မရရှိခဲ့ပါဘူး။ Lee Seung Gi က Hook Entertainment ကနေ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ရရှိခဲ့တဲ့ အမြတ်ငွေတွေ အားလုံး ၁၀ ဘီလီယံနီးပါးကို ဆုံးရှုံးခဲ့ရပါတယ်။ Lee Seung Gi က Hook Entainment မှာ အသက် ၁၈ နှစ်အရွယ်ကတည်းက အလုပ်လုပ်ခဲ့ပေမယ့်လည်း အခကြေးငွေ တစ်ပြားမှ မရရှိခဲ့တဲ့အပေါ် ပရိသတ်တွေ အများစုက စိတ်မကောင်းဖြစ်နေကြပါတယ်။

Google
Google

Lee Seung Gi က အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီးတော့ Entertainment ဘက်ကို တောင်းဆိုမှုတွေ ဆက်ပြီး လုပ်ခဲ့ပေမယ့် Entertainment ဘက်ကနေ ဖြေရှင်းချက် တစ်ခုမှ မလုပ်ပေးခဲ့ဘူးလို့ ဆိုပါတယ်။

Google

၁၈ နှစ်ကြာ မြိုသိပ်ထားတဲ့ Lee Seung Gi က လက်ရှိမှာတော့ သူ့ရဲ့တန်ပြန်တိုက်ခိုက်မှုတွေကို စတင်ဖို့ ဆုံးဖြတ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ Lee Seung Gi က လက်ရှိမှာ Hook Entertainment မှာ လုပ်ကိုင်နေခြင်း မရှိတော့ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။