တောင်ကိုရီးယားမင်းသမီး Ko Sung Hee ဟာဆိုရင် ခမ်းနားလှတဲ့မင်္ဂလာပွဲကြီးကို ဒီကနေ့နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို Ko Sung Hee ရဲ့ အေဂျင်စီဖြစ်တဲ့ OSEN က နေ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ Ko Sung Hee က မင်္ဂလာပွဲကို အကျဉ်းချုံးသာ ကျင်းပခဲ့ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူပုံရိပ်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

Google

အေဂျင်စီရဲ့ အဆိုအရ မင်းသမီး Ko Sung Hee က လက်ထပ်ပြီးတဲ့နောက်မှာလည်း အနုပညာအလုပ်တွေ ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။Ko Sung Hee က အိမ်ထောင်ရက်သားကျပြီး သူမရဲ့ ဒုတိယဘဝကို စတင်တော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း ဆုတောင်းစကားလေးတွေ များစွာ ပို့ထားကြပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Ko Sung Hee က ၂၀၁၃ ခုနှစ်မှာ  An Ethics Lesson ဆိုတဲ့ ဇာတ်လမ်းနဲ့ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး Miss Korea ၊ While You Were Sleeping ၊ Mother ၊ Suits နဲ့ Kingmaker: The Change of Destiny စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှု တွေရရှိခဲ့တာ ဖြစ်ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး Ko Sung Hee က Gaus Electronics ဇာတ်လမ်းမှာလည်း ပါဝင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တခဲနက်ရရှိထားပါတယ်။ တောင်ကိုရီးယားမင်းသမီး Ko Sung Hee က အခုနှစ်မှာ ၃၃ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။