တောင်ကိုရီးယားမင်းသား Cha Eun-woo နဲ့ Moon Ga-young တို့နှစ်ဦးတွဲနေကြတယ်ဆိုတဲ့သတင်းတွေဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးလို့နေပါတယ်။ Cha Eun-woo နဲ့ Moon Ga-young တို့နှစ်ဦးက ၂၀၂၀ ခုနှစ်တုန်းက True Beauty ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အရမ်းကို လိုက်ဖက်ညီလွန်းတာကြောင့် သူတို့နှစ်ဦးကို သဘောတူကြတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဉီးကို ပရိသတ်တွေက ချစ်လွန်းလို့ Shin Shin စုံတွဲလို့တောင် နာမည်ပေးထားကြပါတယ်။

Google

ဇာတ်လမ်းတွဲက ပြီးသွားပေမယ့်လည်း ပရိသတ်တွေက သူတို့နှစ်ဦးကို ချစ်မြဲချစ်ဆဲ ဖြစ်နေပြီး အပြင်မှာပါ တကယ်ကြီး တွဲစေချင်နေကြပါတယ်။ ဒါ ကြောင့် ဇာတ်လမ်းပြီးဆုံးသွားကတည်းက သူတို့ နှစ်ဉီးကို ပရိသတ်တွေ များစွာက စောင့်ကြည့်နေကြပြီး တွဲနေကြတယ်ဆိုတဲ့ သတင်းတွေလည်း များစွာ ထွက်ရှိလျက်ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ချိန်းတွေ့နေကြတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး Moon Ga-young ဘက်ကရော Cha Eun-woo ဘက်ကရော တရားဝင်ကြေညာချက်မျိုး ထုတ်ပြန်ထားခြင်းမရှိပါဘူး။

Google
Google

တောင်ကိုရီးယားမင်းသမီး Moon Ga-young က အသက် ၁၀ နှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာတဲ့သူဖြစ်ပြီး အနုပညာလောကထဲမှာ အရမ်းကို နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ Moon Ga-young က လက်ရှိမှာ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး Cha Eun-woo က အသက် ၂၅ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ဦးတွဲနေကြတယ်ဆိုတဲ့သတင်းက မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လျက်ရှိပြီး အခုတစ်ခေါက်မှာလည်း ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သတင်းမှန်ကန်လားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိပေမယ့် ပရိသတ်တော်တော်များများကတော့ တကယ်ဖြစ်လာဖို့အတွက် မျှော်လင့်ထားကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။