အရည်အချင်းရှိတဲ့ တောင်ကိုရီးယားသရုပ်ဆောင်တွေဟာဆိုရင် ရှောင်ရှားလို့မရတဲ့ အရှုပ်အရှင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကို စွန့်လွှတ်လိုက်သူတွေ အများကြီးရှိပါတယ်။  အဲဒီထဲကမှ တီဗီဖန်သားပြင်မှာ ပရိသတ်တွေဘယ်တော့မှ ထပ်ပြီးမြင်ခွင့် မရှိတော့မယ့် နာမည်ကြီး အနုပညာရှင် ၅ ယောက်ကို ဖော်ပြပေးသွားပါမယ်။ 

Google

1. Lee Seo Won

Google

တောင်ကိုရီးယားမင်းသား Lee Seo Won ဟာဆိုရင် ၂၀၁၈ ခုနှစ်တုန်းက အရက်မူးနေရင်း လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကို ဓားနဲ့ခြိမ်းခြောက်တဲ့လုပ်ရပ်ကို လုပ်ခဲ့ရုံသာမက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုပါ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ 

အဆိုပါနှစ်မှာပဲ Lee Seo Won ဟာ အနုပညာလောကထဲကနေ ထွက်ခဲ့ရပြီး လူအများရဲ့ မုန်းတီးခြင်းကို ခံခဲ့ရပါတယ်။ Lee Seo Won က လက်ရှိမှာ အနုပညာလောကထဲက ထာဝရ ပျောက်သွားပြီး သူ့ကို ဘယ်တော့မှလည်းထပ်ပြီးမြင်တွေ့ခွင့် မရှိတော့ပါဘူး။ 

 2. Kang Ji Hwan

Google

တောင်ကိုရီးယားမင်းသား Kang Ji Hwan ဟာဆိုရင်လည်း ၂၀၁၉ ခုနှစ်၊ဇူလိုင်လတုန်းက နေအိမ်မှာ အမျိုးသမီးနှစ်ဉီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုနဲ့ စွပ်စွဲခြင်း ခံခဲ့ရပါတယ်။ 

Google

Kang Ji Hwan က အရက်အရမ်းမူးနေတာကြောင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ဝန်ခံခဲ့ပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်ကို မမှတ်မိဘူးလို့ ဆိုပါတယ်။ Kang Ji Hwan ကို ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ချမှတ်ခဲ့ပြီး ပြစ်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။ ဒဏ်ကြေးအနေနဲ့ ဝမ် ၅.၃ ဘီလီယံ (ဒေါ်လာ ၄.၁၉ သန်းခန့်) ပေးဆောင်ခဲ့ရပါသေးတယ်။  

Google

အဆိုပါ အရှုပ်တော်ပုံရဲ့ ပြင်းထန်မှုကြောင့် Kang Ji Hwan ဟာ အဖက်ဆယ်လို့မရအောင်နာမည်ကျဆင်းခဲ့ပြီးအနုပညာလမ်းကြောင်းထက်ကိုလည်း ပြန်ဝင်ခွင့် မရှိတော့ပါဘူး။ 

3. Seo Min Jung

Google

တောင်ကိုရီးယားမင်းသမီး Seo Min Jung ဟာဆိုရင်လည်း Unstoppable High Kick ဇာတ်ကားနဲ့ ရေပန်းအစားဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။ Seo Min Jung က နာမည်ကြီးပြီး အောင်မြင်မှုတွေ ကြီးထွားလာတဲ့အချိန် ၂၀၀၇ ခုနှစ်မှာ ရုတ်တရက်အနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Seo Min Jung က သာမန်ကိုရီးယား-အမေရိကန်လူမျိုးတစ်ဦးနဲ့ လက်ထပ်ပြီး နယူးယောက်မြို့မှာ အခြေချနေထိုင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့ပေမယ့် Seo Min Jung ကို ဖန်သားပြင်ပေါ်မှာ ထပ်ပြီး မတွေ့ရတော့ပါဘူး။ 

4. Jang Mi In Ae

Google

တောင်ကိုရီးယားမင်းသမီး Jang Mi In Ae  ဟာဆိုရင် သမ္မတ Moon Jae In ရဲ့ အရေးပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေးပေါ်လစီကို အတည်ပြုထောက်ခံခြင်း မရှိခဲ့တာကြောင့် အင်တာနက်အသုံးပြုသူတွေရဲ့ဝေဖန်ခြင်းကို ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ 

အဆိုပါ ကိစ္စရပ်ကြောင့် Jang Mi In Ae  နဲ့ လက်တွဲလိုတဲ့ ရုပ်ရှင်ထုတ်လုပ်သူ မရှိခဲ့တဲ့အပြင် ပရိသတ်တွေကလည်း လက်မခံခဲ့တာကြောင့် Jang Mi In Ae  က အနုပညာလောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Jang Mi In Ae  က ၂၀၁၃ ခုနှစ်ကလည်း မူးယစ်ဆေးဝါး propofol ကို အသုံးပြုခဲ့တာကြောင့် တရားရုံးမှာ ရုံးထုတ်ခြင်း ခံခဲ့ရပါသေးတယ်။ Jang Mi In Ae က သူမ လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ထောင်ဒဏ် ၈ လ၊ အစမ်း ၂၀ လနဲ့ ဒဏ်ငွေဒေါ်လာ ၃,၇၀၀ မှ ၅,၅၀၀ အထိ ဒဏ်ငွေ ၁၃ ကြိမ်ထက်မနည်း ချမှတ်ခြင်းခံခဲ့ရပါတယ်။ 

5. Lee Tae Im

Google

တောင်ကိုရီးယားမင်းသမီး Lee Tae Im ဟာဆိုရင်လည်း 2018 ခုနှစ်မှာ ဖျော်ဖြေရေးလောကကနေ ရုတ်တရက်နှုတ်ထွက်ခဲ့တဲ့သူဖြစ်ပါတယ်။ ဟော့ဘုရင်မ လို့ နာမည်ပေးခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပေမယ့် Lee Tae Im ကပရိသတ်တွေကို တရားဝင်နှုတ်ဆက်ခဲ့ပါတယ်။ Lee Tae Im ရဲ့ ဆုံးဖြတ်ချက်ကို အခုအချိန်ထိ ဘယ်သူမှ နားမလည်ကြသေးပါဘူး။ 

Lee Tae Im အနားယူဖို့ မဆုံးဖြတ်ခင်မှာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တယ်ဆိုတဲ့ အချက်အလက်တွေတော့ရှိခဲ့ဖူးပါတယ်။ Lee Tae Im ဟာ ဖျော်ဖြေရေးလောကကနေ ပျောက်ကွယ်သွားခဲ့တာ (၄)နှစ်ကျော်ရှိပြီဖြစ်ပေမယ့်သူမနဲ့ပတ်သက်တဲ့ updates တွေ ထပ်ပြီး မသိရတော့ပါဘူး။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။