Miss A ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ Suzy ဟာဆိုရင် မကြာသေးမီကဆယ်ကျော်သက်လိုမျိုး ငယ်ရွယ်နေဆဲ ပုံရိပ်လေးတွေ ဝေမျှခဲ့ပါတယ်။ 

Google

ဓာတ်ပုံလေးတွေကို Bae Suzy က အလုပ်ကနေ အိမ်ကိုပြန်တဲ့ အချိန်မှာရိုက်ကူးထားတာဖြစ်ပြီး လွတ်လပ်ပေါ့ပါးကာ လှပချောမောနေတာကြောင့် ပရိသတ်တွေများစွာက ချစ်မဝဖြစ်နေကြပါတယ်။ 

Google

Bae Suzy က လက်ရှိမှာ အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် သူမရဲ့အသက်က ၃၀ နီးပါးတောင် ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အသက် ၃၀ နီးပါးဆိုပေမယ့်လည်း ဆယ်ကျော်သက်လေးလိုမျိုး လှပ နုပျိုနေဆဲ ပုံရိပ်လေးကြောင့် ပရိသတ်တွေကတော့ ကုသိုလ်ကံထူးတဲ့ ကောင်မလေးလို့ သတ်မှတ်ထားကြပါတယ်။ 

Google
Google

မင်းသမီး Bae Suzy က ၂၀၂၂ ခုနှစ်က Anna ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့နိုင်ပါသေးတယ်။ 

Google

Suzy က လက်ရှိမှာ Netflix စီးရီးဖြစ်တဲ့ The Girl Downstairs ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီးဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။ မအိုဆေး စားထားသလားအောင့်မေ့ရလောက်အောင် ချောမောနုပျိုလွန်းတဲ့ Suzy ရဲ့ အလှတရားလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။