မင်းသားကြီး Aamir Khan ဟာဆိုရင် သမီးဖြစ်သူ Ira Khan အတွက် စေ့စပ်ပွဲလေးကို ကိုယ်တိုင်ကိုယ်ကျစီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။ စေ့စပ်မင်္ဂလာပွဲကို နှစ်ဦးနှစ်ဖက်ဆွေမျိုးမိဘတွေ သာမက မိဘအရင်းဖြစ်သူ ၊ မိထွေးဖြစ်သူ တို့ဟာ စုံလင်စွာတက်ရောက်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ 

Google
Google

Aamir Khan ရဲ့သမီးလေးဖြစ်တဲ့ Ira Khan က သူမရဲ့ချစ်သူ Nupur Shikhare နဲ့ လက်ထပ်တော့မှာဖြစ်ပြီး သူတို့နှစ်ဦးရဲ့စေ့စပ်ပွဲကို မွန်ဘိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ စေ့စပ်ပွဲအခမ်းအနားကိုလည်း သူမရဲ့ မိခင်အရင်းသာမက ၊ မိထွေးဖြစ်သူပါစုံစုံလင်လင်တက်ရောက်ခဲ့ပါတယ်။ 

Google
Google
Google

ဖခင်ကြီး Aamir Khan က သမီးဖြစ်သူရဲ့ စေ့စပ်ပွဲကို သားမတ်ဖြစ်သူ Nupur Shikhare နဲ့အတူ ကိုယ်တိုင်ကိုယ်ကျစီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ စေ့စပ်ပွဲကို ပထမဦးဆုံးရောက်ရှိလာသူကလည်း ဖခင်ဖြစ်သူ မင်းသားကြီး Aamir Khan ပဲဖြစ်ပါတယ်။ 

Instagram

အသက် ၅၇ နှစ်အရွယ် Aamir Khan က ဆင်စွယ်ရောင် ကာတာပီယာမာ ၀တ်စုံဝတ်ဆင်ထားပြီး ချောမောခန့်ညားလို့နေပါတယ်။ မင်းသားကြီး Aamir Khan မှာ သား ၂ ယောက်နဲ့ သမီးလေး ၁ ယောက်ရှိပြီး တစ်ဦးတည်းသောသမီးလေးကို စေ့စပ်ကြောင်းလမ်းပေးခဲ့တာဖြစ်ပါတယ်။ 

Google

သမီးဖြစ်သူနောင်ရေးအတွက် စိတ်တိုင်ကျ ကိုယ်တိုင်စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ မင်းသားကြီး Aamir Khan အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။