ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ တောင်ကိုရီးယား ကလေးသရုပ်ဆောင်လေး Seo Shin Ae ဟာဆိုရင် မကြာသေးမီက သူမရဲ့ ပုံရိပ်ကို ပရိသတ်တွေကို ပြသခဲ့ပါတယ်။ Seo Shin Ae က ၁၉၉၈ ခုနှစ်မှာမွေးခဲ့တဲ့သူဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ အနုပညာလမ်းကြောင်းထက်ဆီကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ငယ်ရွယ်တဲ့ ပုံစံလေးကြောင့် Seo Shin Ae ကို ပရိသတ်တွေအများစုက ချစ်ကြပါတယ်။
Seo Shin Ae ကို High Kick Through the Roof ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ စတင်သိလာခဲ့တာဖြစ်ပါတယ်။ Seo Shin Ae လေးက ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းလွန်းသလို သရုပ်ဆောင်လည်းကောင်းလွန်းတဲ့သူလေး ဖြစ်ပါတယ်။
ကလေးသရုပ်အဖြစ်စတင်ပွဲဦးထွက်ခဲ့တဲ့ Seo Shin Ae ဟာဆိုရင် ၂၀၁၆ ခုနှစ်မှာ Sungkyungkwan University ရဲ့ ကောလိပ်ကို ဝင်ခွင့်ရခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ၂၀၂၂ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။
လူအများစုက Seo Shin Ae လေးကို ကလေးလေးလိုပဲ မြင်ပြီး ကလေးလို့ပဲထင်နေပေမယ့် Seo Shin Ae လေးကတော့ တကယ့်ကို အပျိုကြီးဖားဖားအရွယ် ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။Seo Shin Ae က သူမရေးထားတဲ့စာစီစာကုံးလေးတွေကိုစုပြီး စာရေးဆရာအဖြစ်လည်း ပွဲဦးထွက်ခဲ့ပါသေးတယ်။
Seo Shin Ae လေးက လက်ရှိမှာ နတ်သမီးလေးတစ်ပါးလိုမျိုး ပိန်သွယ်ပြီး လှပချောမောလာပေမယ့်လည်းပရိသတ်တွေကတော့ ပါးဖောင်းဖောင်းကလေးမလေးအဖြစ် ဆက်ပြီးမြင်နေကြတုန်းပဲ ဖြစ်ပါတယ်။
Seo Shin Ae က လက်ရှိမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် ပရိသတ်တွေကတော့ သူမရဲ့ ဇာတ်လမ်းတွေကို ထပ်မံမြင်တွေ့ချင်နေကြပြီပဲ ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။