Under The Queen's Umbrella ဇာတ်လမ်းနဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့သူကတော့ ရိန်းရဲ့ကုမ္ပဏီကနေ စင်တင်မင်းသမီးအဖြစ် ပွဲထုတ်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် Oh Ye Ju ပဲ ဖြစ်ပါတယ်။

Google

Oh Ye Ju က ၂၀၀၄ ခုနှစ်မှာမွေးခဲ့ပြီး အသက် ၁၇ နှစ်အရွယ်သာရှိသေးပေမယ့် နေ့တိုင်း တိုးတက်ဖို့အတွက် ကြိုးစားနေတဲ့သူလို့ သိရပါတယ်။ တက်သစ်စမင်းသမီးလေး Oh Ye Ju က လက်ရှိမှာ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ရိုးသားဖြူစင်တဲ့ ပုံရိပ်လေးကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားလျက်ရှိပါတယ်။

Google

RAIN ရဲ့ ကုမ္ပဏီဟာဆိုရင် ကေပေါ့လောကအတွက် အဆင့်အတန်းတစ်ခုရှိတဲ့ တက်သစ်စ အနုပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်၊။ ဒါကြောင့် ပရိသတ်တွေအားလုံးက RAIN ကိုယ်တိုင်စင်တင်ပေးဖို့အတွက် ရွေးချယ်လိုက်တဲ့ အနုပညာရှင်က ထူးခြားတဲ့သူဖြစ်တယ်ဆိုတာကို ယုံကြည်ထားကြပါတယ်။

Google
Google
Google

ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း Oh Ye Ju က အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး အသက်အရွယ်နဲ့မလိုက်အောင်ကို တော်လွန်းတာကြောင့် ပရိသတ်တွေ အားလုံးက ချီးကျူးနေကြပါတယ်။ မင်းသား RAIN ရဲ့ သမီးလေးလို့ ပရိသတ်တွေ ကြားမှာ နာမည်ကြီးနေတဲ့ အသက် ၁၇ နှစ်အရွယ် မင်းသမီး Oh Ye Ju အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။