တောင်ကိုရီးယားမင်းသမီး Chae Jung-an ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့သူ ဖြစ်ရုံသာမက အဆိုပိုင်းမှာလည်း တစ်ဖက်ကမ်းခက် ကျွမ်းကျင်လွန်းတဲ့သူဖြစ်ပါတယ်။ Chae Jung-an က Yong-Pal ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပြီး ၂၉ကြိမ်မြောက် MBC Drama Awards ဆုပေးပွဲမှာလည်း PD Award ဆုကြီးကို ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

Google
Google

Chae Jung-an ဟာဆိုရင် မာကတ်တင်းကုမ္ပဏီက ဘုတ်အဖွဲ့ဝင်တစ်ယောက်နဲ့ ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ပြီး ၂ နှစ်အကြာ ၂၀၀၇ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ Chae Jung-an က ကွာရှင်းပြီးနောက်မှာလည်း စိတ်ဓာတ်ကျသွားခြင်းမရှိသလို ဘဝကြီးကို အရှုံးပေးသွားခြင်းမျိုးမရှိဘဲ Coffee Prince ဇာတ်လမ်းနဲ့ တစ်ဖန်ပြန်ပြီး ပွဲဦးထွက်လာနိုင်ခဲ့ပါတယ်။

Google

Chae Jung-an က ကွာရှင်းပြီးနောက်မှာ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်နဲ့ ထပ်မံတွဲခဲ့ပေမယ့် အချိန်ခဏအတွင်းမှာပဲ ပြန်ပြီး လမ်းခွဲခဲ့ပါတယ်။ လက်ထပ်ဖို့ကို ထပ်ပြီး မစဉ်းစားတော့တဲ့ မင်းသမီး Chae Jung-an က လက်ရှိမှာ အသက် ၄၅ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google

Chae Jung-an က ၂၀၂၁ ခုနှစ်တုန်းက Monthly Magazine Home ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပြီး မကြာသေးမီကလည်း The King of Pigs ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။