ဂျူမုံလို့လူသိများတဲ့ တောင်ကိုရီးယား နာမည်ကြီးမင်းသား ဆောင်းအီဂွတ်ရဲ့ အမွှာသားလေး ၃ ယောက်ဟာဆိုရင် အရွယ်ရောက်ကြီးပြင်းလာပြီး လူပျိုပေါက်အရွယ်လေးတွေတောင် ‌ဖြစ်နေကြပြီပဲ ဖြစ်ပါတယ်။ ဂျူမုံမင်းသားကြီးက သားလေး ၃ ယောက်ရဲ့ ပညာရေးအတွက်ရယ် ၊ ကောင်းမွန်စွာ အရွယ်ရောက်ကြီးပြင်းလာဖို့အတွက်ရယ် အနုပညာအလုပ်တွေကနေ ရပ်နားထားပြီး ဂရုတစိုက် အချိန်ပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဆောင်းအီဂွတ်က အရွယ်ရောက်ကြီးပြင်းလာခဲ့တဲ့ သားလေး ၃ ယောက်ကို ပရိသတ်တွေနဲ့ ထပ်မံပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ 

Google

ဆောင်းအီဂွတ်က သူ့ရဲ့သားလေး ၃ ယောက်က လက်ရှိမှာ မူလတန်းကျောင်း grade 4 အရွယ်ရောက်နေပြီဖြစ်ပြီး အရပ်ကလည်း ၂၆၅ မီလီမီတာ အရွယ်ရောက်နေပြီ ဖြစ်တာကြောင့် ၁၆၀ စင်တီမီတာအထိ ရှည်နေပြီပဲဖြစ်ပါတယ်။

Google
Google
Google

အရွယ်ရောက်လာပြီး လူပျိုပေါက်လေးတွေ ဖြစ်လာကြတဲ့ သား ၃ ယောက်နဲ့ ပတ်သက်ပြီး ဆောင်းအီဂွတ်ကို မေးခွန်းလေးတွေ ထပ်မံမေးခဲ့ပါတယ်။ အဲဒီမေးခွန်းတွေကိုဖြေရင်း အမွှာ ၃ ယောက်ထဲမှာ ထိန်းရအခက်ဆုံး ၊ ပြောရအခက်ဆုံး သား တစ်ယောက်အကြောင်းကို ဂျူမုံမင်းသားကြီးက ထပ်ပြီးပြောခဲ့ပါတယ်။ အဲဒီသားကတော့ ဒယ်ဟန်လို့ သိရပါတယ်။ ဒယ်ဟန်လေးက ညီအငယ်လေးတွေကို သွေးထိုးတတ်တယ်ထင်တယ်လို့ ပြောပြီးနောက်မှာ အခြားသူတွေက ထပြီး ရယ်ကြပါတယ်။

Google
Google

ဂျူမုံမင်းသားကြီးရဲ့ သားလေး ၃ ယောက်ဖြစ်တဲ့ ဒယ်ဟန် ၊ မင်ဂွတ် နဲ့ မန်ဆယ်တို့ဟာ အရွယ်ရောက်လာကြပေမယ့်လည်း ကလေး ရုပ်လေးတွေ မပျောက်ကြသေးဘဲ ချစ်ဖို့ကောင်းနေကြဆဲ ဖြစ်ပေမယ့် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာလေးတွေကတော့ တဖြည်းဖြည်း ပြောင်းလဲလာတာကို အထင်အရှားတွေ့ရပါတယ်။

Google

ဆောင်းအီဂွတ်ရဲ့ သား ၃ ယောက်ဖြစ်တဲ့ ဒယ်ဟန် ၊ မင်ဂွတ်နဲ့ မန်ဆယ်တို့က The Return of Superman အစီအစဉ်နဲ့ လူသိများပြီး အောင်မြင်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့အချစ်တော် ကလေးလေး ၃ ယောက်ဖြစ်ပါတယ်။

Google

လက်ရှိမှာသော သူတို့ ၃ ယောက်က လူပျိုပေါက်အရွယ် ကောင်ချောလေးတွေတောင် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။