တောင်ကိုရီးယား ယောက်ျားလေးများအဆိုတော် အဖွဲ့ OMEGA X ဟာဆိုရင် စီအီးအိုဟောင်း Kang ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို  အသေးစိတ် ကျကျ အချက်အလက်ခိုင်ခိုင်ဖြင့် တိုက်ရိုက်ရှင်းပြခဲ့ပါတယ်။ ဒီအကြောင်းအရာကို နိုဝင်ဘာလ ၁၆ ရက်နေ့က ဆိုးလ်မြို့မှာရှိတဲ့ Bar Association Meeting Hall မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေရှင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ယောက်ျားလေးအဖွဲ့ OMEGA X ဟာ စီအီးအိုဟောင်း Kang ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်များကို ထုတ်ဖော်ခဲ့ပြီး အသေးစိတ်အချက်အလက်များကို တိုက်ရိုက်ရှင်းပြခဲ့တာဖြစ်ပါတယ်။ 

Google

OMEGA X အဖွဲ့ဝင်များဟာဆိုရင် သတင်းစာရှင်းလင်းပွဲကို ရှေ့နေများဖြစ်သည့် Noh Jong Eon နှင့် Law Firm S မှ Seo Joo Yeon တို့နှင့်အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ OMEGA X အဖွဲ့ဝင်များဟာ သူတို့ အေဂျင်စီ စီအီးအို ရဲ့ ရိုင်းစိုင်းသော မှတ်ချက်များနှင့် စော်ကားမှုများကြောင့် ထိခိုက်နစ်နာခဲ့ရကြောင်း အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရှေ့နေ Seo Joo Yeon က OMEGA X ရဲ့စီအီးအို က "အဖွဲ့ဝင်တွေဆီ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တဲ့အပြင် CEO က ကိုယ်ထိလက်ရောက် ထိတွေ့မှု၊ အဖွဲ့ဝင်တွေရဲ့ ပေါင်တွေကို ထိပြီး အဖွဲ့ဝင်တွေကို အနီးကပ် ချည်းကပ်ဖို့ ကြိုးစားခဲ့တယ်" လို့ ထုတ်ဖော်ပြောကြာခဲ့ပါတယ်။

Google

OMEGA X အဖွဲ့ဝင် Jung Hoon က "ကျွန်တော်တို့ အေဂျင်စီရဲ့ CEO ဟောင်းထံက ရိုင်းရိုင်းစိုင်းစိုင်းပြုမူခံခဲ့ရပေမယ့် စိတ်ရင်းမှန်ဖြင့် တောင်းပန်မှု တစ်ခါမှမရရှိခဲ့ပါဘူး။ ကျွန်တော်တို့ကို မှန်ကန်စွာ တောင်းပန်မယ့်အစား စစ်မှုထမ်းခြင်းကိစ္စ နဲ့ အကြပ်ကိုင်ပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်ပြီး ခဲ့ပါတယ်” လို့ဝန်ခံခဲ့ပါတယ်။

Google

Omega X အဖွဲ့ဝင်တွေက နိုင်ငံရပ်ခြား အစီအစဉ်များမှာလည်း Spire Entertainment ရဲ့ စီအီးအိုဟောင်း Kang ထံ မှ စော်ကားခြင်း နှင့် နှုတ်ဖြင့် စော်ကားခြင်း များခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ အငြင်းပွားမှုများ ၊ သတင်းများက တော်တော် ဆိုးရွားလာတာကြောင့် စီအီးအိုက သူကိုယ်တိုင် ရာထူးကနေ နှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

Google
Google

OMEGA X အဖွဲ့ဝင်တွေက စီအီးအိုဟောင်းဖြစ်သူရဲ့ ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေကို ထုတ်ဖော်ပြောကြားပြီးတဲ့နောက်မှာ ရှေ့ဆက်သွားမှာဖြစ်ကြောင်း ကမ္ဘာပေါ်မှာရှိတဲ့ တနေရာရာမှာ မတရားဆက်ဆံခံရတဲ့သူတွေအားလုံး သူတို့ပြောတဲ့ စကားကြားရပြီး သတ္တိနည်းနည်းရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။ 

Google
Google

OMEGA X အဖွဲ့ဝင်တွေက အဖွဲ့ဝင် ၁၁ ယောက်ရှိပြီး လက်ရှိမှာ အောင်မြင်မှုရရှိနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။