တောင်ကိုရီးယား အနုပညာရှင်တွေ အများစုဟာဆိုရင် မျက်နှာတွေ ခွဲစိတ်ရတာကို နှစ်သတ်သဘောကျတဲ့သူတွေဖြစ်ပါတယ်။ Plastic Surgery Capital of the World လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ခွဲစိတ်ပြုပြင်မှုများတဲ့တောင်ကိုရီးယားနိုင်ငံမှာ မျက်နှာကလုံးဝ မခွဲစိတ်ထားဘူးလို့ ပြင်းပြင်းထန်ထန် ငြင်းခဲ့ကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့တွေထဲက အချို့ကို ဖော်ပြပေးသွားပါမယ်နော်။ 

1. Park Shin Hye

Google

တောင်ကိုရီးယားမင်းသမီး Park Shin Hye ဟာဆိုရင် ချောမောလွန်းတဲ့မျက်နှာလေးကြောင့် လူအများရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Park Shin Hye က ချောမောလှပတဲ့ ရုပ်ရှင်လေးကို ပိုင်ဆိုင်ထားပေမယ့်လည်းမျက်နှာခွဲစိတ်မှုကို တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးတဲ့သူဖြစ်ပါတယ်။ ဒီအကြောင်းအရာကို Park Shin Hye ကအင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးထဲမှာ Park Shin Hye က ပလက်စတစ်ဆာဂျရီနဲ့ပတ်သက်ပြီး ဆန့်ကျင်လိုခြင်းမရှိသလို ဆိုးတဲ့အရာတစ်ခုလို့လည်း မသတ်မှတ်ဘူးလို့ ဆိုပါတယ်။ သူမအနေနဲ့ကတော့ သူမရဲ့ ကိုယ်ပိုင်မျက်နှာကိုပဲ ဆက်လက်ပြီးထိန်းချင်တာကြောင့် ဆာဂျရီမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ 

2. Park Bo Young

Google

တောင်ကိုရီးယားမင်းသမီး Park Bo Young ဟာဆိုရင်လည်း ချစ်ဖို့ကောင်းတဲ့ ကလေးမျက်နှာလေးနဲ့အကြည်ဓာတ်လေးကို ရရှိထားတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ Park Bo Young က ဘယ်အချိန်ကြည့်ကြည့်ငယ်ရွယ်တဲ့ မျက်နှာလေး ဖြစ်နေတာကြောင့် သူမကို တချို့ကလည်း မျက်နှာခွဲစိတ်ထားတာလားလို့ မေးကြပါတယ်။ Park Bo Young ကတော့ သူမရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ မိတ်ကပ်ကြောင့်လို့သာဖြေထားပြီး မျက်နှာခွဲစိတ်ထားတယ်ဆိုတဲ့ အသုံးကို ငြင်းဆန်ထားပါတယ်။ 

3. Kim Soo Hyun

Google

တောင်ကိုရီးယားမင်းသား Kim Soo Hyun ဟာဆိုရင်လည်း My Love From The Stars ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေ များစွာရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Kim Soo Hyun ကို မျက်နှာခွဲစိတ်တဲ့အကြောင်းနဲ့မေးမြန်းတဲ့အခါမှာ Kim Soo Hyun က ကိုရီးယားအနုပညာရှင်တိုင်း မျက်နှာခွဲစိတ်မှု မလုပ်ကြကြောင်း သူက ငယ်ရွယ်တဲ့သူဖြစ်တာကြောင့်မျက်နှာခွဲစိတ်မှုမလိုကြောင်း ပြောခဲ့ပါတယ်။

4. Kim Go Eun

Google

တောင်ကိုရီးယားမင်းသမီး Kim Go Eun ဟာဆိုရသ်လည်း အပ်တွေကို ကြောက်တဲ့ရောဂါကြောင့် မျက်နှာခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ 

Google

Kim Go Eun က နေမကောင်းဖြစ်ရင်တောင်မှ လက်မောင်းကို ဆေးထိုးဖို့အတွက် ငြင်းဆန်ခဲ့တဲ့သူဖြစ်တာကြောင့်ဆာဂျရီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခါမှ စဉ်းတောင် မစဉ်းစားဘူးလို့ ဆိုပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။