တောင်ကိုရီးယားအနုပညာလောကမှာ မင်းသားမင်းသမီး အချင်းချင်း ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ခဲ့ကြတဲ့စုံတွဲတွေ အများကြီးပဲ ဖြစ်ပါတယ်။ အဲဒီထဲကမှ နာမည်ကြီး မင်းသားမင်းသမီး အချင်းချင်း ချစ်ကြိုက်ပြီး ယူခဲ့ကြပြီးမှ ကွဲခဲ့ကြတဲ့ သာဓကတွေလည်းရှိပါတယ်။ ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချပြီး လက်ထပ်ခဲ့ပြီးမှ လမ်းခွဲခဲ့ကြတဲ့ တောင်ကိုရီးယား နာမည်ကြီး စုံတွဲ ၃ တွဲ အကြောင်းကို ဖော်ပြပေးသွားပါမယ်။  

Google

 Dong Gun နှင့် Jo Yoon Hee

Google

တောင်ကိုရီးယား မင်းသား Lee Dong Gun နှင့် မင်းသမီး Jo Yoon Hee တို့ဟာဆိုရင် အရမ်းချစ်ပြီး လက်ထပ်ခဲ့ကြပြီးမှ ၃နှစ်အကြာမှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ 

သူတို့နှစ်ဦးက The Gentlemen of Wolgyesu Tailor Shop (2016) ဇာတ်လမ်းမှာ အတူတူတွဲသရုပ်ဆောင်ရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ လက်ထပ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက သမီးလေးတစ်ယောက်ကိုလည်း ဖွားမြင်ထားပေမယ့်လည်း ကွာရှင်းခဲ့ကြပါတယ်။ 

Ahn Jae Hyun နှင့် Goo Hye Sun

Google

တောင်ကိုရီးယားမင်းသား Ahn Jae Hyun နဲ့ Goo Hye Sun တို့ဟာဆိုရင်လည်း လူသိရှင်ကြား လက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့တဲ့ စုံတွဲဖြစ်ပါတယ်။ သူတို့နှစ်ဦးက အရမ်းချစ်ကြတယ်လို့ လူသိများပေမယ့်လည်း မာမာထန်ထန်နဲ့ လမ်းခွဲခဲ့တာကြောင့် ပရိသတ်တွေကပါစိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။ 

Song Joong Ki နှင့် Song Hye Kyo

Google

တောင်ကိုရိီးယားနာမည်ကြီး Song Joong Ki နဲ့  Song Hye Kyo တို့ဟာဆိုရင်လည်း Descendants of the Sun  ဇာတ်လမ်းရိုက်ရင်းနဲ့ ချစ်ခဲ့ကြတာဖြစ်ပါတယ် ။ သူတို့နှစ်ဉီးက ကွာရှင်းခဲ့ပေမယ့် လက်ရှိအချိန်အထိ ပရိသတ်တွေက ပြန်တွဲစေချင်နေတဲ့ စုံတွဲလေးဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။