မင်းသမီး Sung Yuri ရဲ့ အလှကုန်ကုမ္ပဏီ URIID က မင်းသမီး Park Min Young နဲ့ သတင်းထွက်ခဲ့တဲ့ ချစ်သူဟောင်း Kang Jong Hyun ဆီကနေ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို လက်ခံရရှိထားကြောင်း ပြောပြခဲ့ပါတယ်။

URIID ရဲ့ ကိုယ်စားလှယ်တစ်ဦးက OSEN ရဲ့ သီးသန့်အစီရင်ခံစာတစ်ခုမှာ သူတို့ရဲ့ ရင်းနှီး မြုပ်နှံမှုကိုလက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ ငွေပြန်ပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Sung Yuri ရဲ့ အလှကုန်ကုမ္ပဏီမှာ Kang Jong Hyun က ရင်းနှီးမြုပ်နှံတယ် ဆိုတာကို မသိကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် Kang Jong Hyun စီးနေတဲ့ ဇိမ်ခံကားတစ်စီးက Sung Yuri ရဲ့ ခင်ပွန်း နာမည်အောက် မှတ်ပုံတင်ထားကြောင်း သိရပါတယ်။ Kang Jong Hyun နဲ့ သူမရဲ့ ခင်ပွန်းကြားမှာ ခင်နေကြတယ်ဆိုတာကိုလည်း သူမမသိကြောင်း Sung Yuri က ပြောပြခဲ့ပါတယ်။


OSEN အစီရင်ခံစာအရ၊ Kang Jong Hyun က Sung Yuri ရဲ့ အလှကုန်ကုမ္ပဏီမှာ ₩3.00 ဘီလီယံ KRW (ဒေါ်လာ 2.27 သန်းခန့်) ရင်းနှီးမြှုပ်နှံခဲ့ပြီး လက်ရှိမှာတော့ Kang Jong Hyun က အလွဲသုံးစားလုပ်မှုတွေနဲ့ စွဲချက်တင်ခံထားရပြီး တရားရင်ဆိုင်နေရပါတယ်။


သတင်းအရင်းမြစ်: koreaboo.com
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။