တောင်ကိုရီးယားမင်းသမီးကြီး Kim Hye Soo ဟာဆိုရင် သရုပ်ဆောင်ကောင်းမွန်ပြီး စိတ်သဘောထားပြည့်ဝလွန်းတဲ့ သူဖြစ်ပါတယ်။ Kim Hye Soo  က လက်ရှိမှာ မယ်မယ်ကြီးအဖြစ် The Queen’s Umbrella ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်ထားပါတယ်။Kim Hye Soo က သူမကိုယ်သူမ ကြေညာတာထက် SNS စာမျက်နှာမှာ အခြား လုပ်ဖော်ကိုင်ဖက်မင်းသားမင်းသမီးတွေကို ကြေညာပေးရတာ သဘောကျတဲ့သူဖြစ်ပါတယ်။

Google

နိုဝင်ဘာလ ၁၅ ရက်နေ့မှာလည်း Kim Hye Soo က The Queen’s Umbrella ဇာတ်လမ်းရဲ့ မင်းသမီးတွေဖြစ်တဲ့ Oh Ye Ju ၊ Park Jun Myeon နဲ့ Yoo Yeon တို့ရဲ့ ပုံရိပ်လေးတွေကို နာမည်နဲ့တကွ တင်ပေးလာခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်ထက် အခြား သရုပ်ဆောင်တွေကို ပိုပြီး နာမည်ကြီးအောင် လုပ်ပေးချင်တဲ့ မင်းသမီးကြီး Kim Hye Soo ရဲ့ စိတ်ဓာတ်ကို ပရိသတ်တွေ အများအပြားကလည်း ချီးကျူးနေကြပါတယ်။

Google
Google
Google

Kim Hye Soo က ၁၉၈၀ နဲ့ ၁၉၉၀ ကာလတွေမှာ နာမည်ကြီးတဲ့ မင်းသမီးတစ်လတ်ဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားထားတာ အချိန်အတော်ကြာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Google

The Queen’s Umbrella  ဇာတ်လမ်းနဲ့မှ ပရိသတ်တွေက သူမရဲ့ ပုံရိပ်ကို မြင်တွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။ Kim Hye Soo က အသက် ၅၂ နှစ်အရွယ်အထိ ရှိနေပြီဖြစ်ပေမယ့် ငယ်ရွယ်ပြီး နုပျိုချောမောနေဆဲ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးရရှိထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။