တောင်ကိုရီးယားမင်းသမီး Yoon Bora ဟာဆိုရင် SISTAR အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သလို သရုပ်ဆောင် အဖြစ်လည်း နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ Yoon Bora က လက်ရှိမှာလည်း Dr. Romantic 2 ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Yoon Bora က ခက်ခဲလွန်းလှတဲ့ မိသားစုကနေ ဆင်းသတ်လာတဲ့အကြောင်းကို ပရိသတ်တွေကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

Google
Google

Yoon Bora ဟာဆိုရင် ငယ်ငယ်ကတည်းက ပီယာနိုတီးရတာ ဝါ သနာပါတဲ့သူဖြစ်ပြီး စန္ဒယားပညာရှင်နဲ့ ဘဲလေးအကမယ်အဖြစ် ရပ်တည်ချင်တဲ့သူလို့ သိရပါတယ်။ Yoon Bora က အထက်တန်းကျောင်းအရွယ်မှာ ကတည်းက အနုပညာကို ချစ်မြတ်နိုးပြီး ဘဲလေး အက ပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တာကြောင့် အများကြီး ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

Google

Yoon Bora ရဲ့ မိဘတွေက အဲဒီအချိန်တုန်းက ဆင်းရဲလွန်းခဲ့ပြီး အခွင့်အရေးလည်း မရရှိခဲ့တာကြောင့် သူမရဲ့ တန်ဖိုးရှိလှတဲ့ အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ Yoon Bora က သူမအရမ်းဖြစ်ချင်ခဲ့တဲ့ ဘဲလေးအကမယ် အိပ်မက်ကို စွန့်လွှတ်ခဲ့ရပေမယ့် လည်း ဒုတိယအခွင့်အရေးအနေနဲ့ အိုင်ဒေါလ်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေး ရှိလာခဲ့ပါတယ်။

Google
Google

Yoon Bora က ၂၀၁၄ ခုနှစ်တုန်းက အနုပညာအလုပ်တွေ စတင်လုပ်ခဲ့တာဖြစ်ပြီး သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲက Doctor Stranger ပဲ ဖြစ်ပါတယ်။

Google

Yoon Bora  ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ “A Korean Odyssey”၊ “My ID is Gangnam Beauty” ၊ “God’s Quiz: Reboot”၊  “Dr. Romantic 2” ၊ “Chocolate” ၊  “Chocolate”, နဲ့ “Only One Person” တို့ပဲ ဖြစ်ပါတယ်။ ခက်ခဲပင်ပန်းလွန်းလှတဲ့ ဘဝကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့်လည်း ကံကြမ္မာရဲ့ အခွင့်အရေးပေးမှုကြောင့် အနုပညာ လောကထဲကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားမင်းသမီး Yoon Bora ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။