တောင်ကိုရီးယားမင်းသားကြီး Lee Soon-jae ဟာဆိုရင် ဇာတ်ကားတိုင်းလိုလိုမှာ အဘိုးနေရာ ၊ အဖေနေရာကနေ အမြဲလိုလို ပါလေ့ပါထရှိတဲ့သူဖြစ်ပါတယ်။ Lee Soon-jae က မြောက်ကိုရီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မြောက်ကိုရီးယားလူမျိုး စစ်စစ်ဖြစ်ပေမယ့် အသက် ၄ နှစ်အရွယ်မှာ အဘိုးရှိရာတောင်ကိုရီးယားနိုင်ငံကို ပြောင်းလာခဲ့တဲ့သူဖြစ်ပါတယ်။

Google

မင်းသားကြီး Lee Soon-jae က တက္ကသိုလ်ကျောင်းသားအရွယ်မှာ ကတည်းက အနုပညာလောကထဲကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ မင်းသားကြီး Lee Soon-jae က ငယ်ရွယ်စဉ်ကတည်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့သူဆိုပေမယ့် နည်းပညာတွေ ဖွံ့ဖြိုးတိုးတတ်ခြင်း မရှိတာကြောင့် တော်တော်များများက Lee Soon-jae ရဲ့ ငယ်ဘဝ ပုံရိပ်ကို မသိခဲ့ကြပါဘူး။

Google

Lee Soon-jae က ၁၉၆၆ ခုနှစ်မှာ ဇနီးဖြစ်သူနဲ့လက်ထပ်ခဲ့ပြီး ဇနီးသည်တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိ ချစ်ခဲ့တဲ့သူဖြစ်ပါတယ်။ Lee Soon-jae လက်ရှိမှာ အသက် ၈၇ နှစ်အရွယ်ရှိသွားပြီဖြစ်တာကြောင့် သူ့ရဲ့ အိမ်ထောင်သက်က ၅၇ နှစ် သက်တမ်းရှိသွားပြီပဲ ဖြစ်ပါတယ်။

Google

Lee Soon-jae ကို ဇနီးဖြစ်သူအတွက် ချိုမြိန်တဲ့ခင်ပွန်းလားလို့ မေးမြန်းတဲ့အချိန်မှာ Lee Soon-jae က ချိုမြိန်တဲ့ခင်ပွန်းဆိုတဲ့အသုံးထက် အရာအားလုံးကို ဆုံးဖြတ်ခွင့်ပေးပြီး အလိုလိုက်ရတဲ့ ခင်ပွန်းဖြစ်ရတာကို သဘောကျတယ်လို့ ဖြေဆိုခဲ့ပါတယ်။

Google

မင်းသားကြီး Lee Soon-jae က ဇနီးသည်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိချစ်ပေးခဲ့တဲ့သူဖြစ်ပြီး ဇနီးသည်နဲ့ပဲ သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။