The Golden Spoon သရုပ်ဆောင် တောင်ကိုရီးယားမင်းသမီး Yeon Woo ဟာဆိုရင် မကြာသေးမီက မင်းသား Lee Min-ho နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ သတင်းထွက်ခဲ့တဲ့အပေါ် ပြန်လည် ဖြေရှင်းပေးခဲ့ပါတယ်။ ဒီအကြောင်းအရာကို နိုဝင်ဘာလ ၁၄ ရက်နေ့က Yeon Woo က အင်တာဗျူးတစ်ခုမှာ ဖြေပေးခဲ့တာဖြစ်ပါတယ်။

Google
Google

Lee Min-ho နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိလာတာနဲ့ပတ်သက်ပြီး Yeon Woo က သူမနဲ့ Lee Min-ho တို့က ဂိမ်းအတူတူဆော့ကြတဲ့ ရိုးရိုး သူငယ်ချင်းတွေ ဖြစ်ကြောင်း ၊ သူမက ဂိမ်းကစားရတာ ဝါသနာပါတာကြောင့် အားလပ်ချိန်တိုင်းမှာ ဂိမ်းဆော့လေ့ရှိကြောင်း ၊ မင်းသား Lee Min-ho နဲ့လည်း ဂိမ်းအတူတူကစားရင်းနဲ့ ခင်မင်ခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Google

Yeon Woo က Lee Min-ho နဲ့ တွဲနေတယ်ဆိုတဲ့သတင်း ထွက်လာလာချင်းမှာ သူမကိုယ်တိုင်း အရမ်း အံ့အားသင့်ခဲ့ရတယ်လို့ဆိုခဲ့ပြီး ဘဝမှာ ပထမဦးဆုံး အတွေ့အကြုံဖြစ်တာကြောင့် တော်တော်လေးလည်း ကြောက်ခဲ့တယ်လို့ ဆိုပါတယ်။

Google
Google

Yeon Woo နဲ့ မင်းသား Lee Min-ho တို့ ချိန်းတွေ့နေကြတယ်ဆိုတဲ့ သတင်းကို နှစ်ဦးနှစ်ဖက် အေဂျင်စီတွေကလည်း ငြင်းဆိုခဲ့ကြပြီး အမြန်ဆုံး ပြန်လည် ဖြေရှင်းနိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။