တောင်ကိုရီးယားမင်းသမီး Baek Jin Hee ဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေ အားလုံးရဲ့ရင်ကို ဖမ်းစားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမယ့်လည်း Baek Jin Hee က အချိန်အတော်ကြာပျောက်ကွယ်နေခဲ့ပြီး အနုပညာအလုပ်တွေ ဆက်ပြီး မလုပ်တော့တာ ၄ နှစ်တောင် ကြာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှားမှုတွေကနေ ၄ နှစ်ကြာ ပျောက်ကွယ်သွားတဲ့ Baek Jin Hee တစ်ယောက် ပြန်ပြီး အနုပညာလမ်းကြောင်းပေါ်ကို ရောက်လာတော့မယ်ဆိုတဲ့အကြောင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့က Baek Jin Hee ရဲ့ အေဂျင်စီကနေ အတည်ပြုပြောကြားပေးခဲ့တာဖြစ်ပါတယ်။

Google

Baek Jin Hee က ၂၀၁၈ ခုနှစ်မှာ “Feel Good To Die” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးနောက်မှာ ဇာတ်လမ်းတွေ မရိုက်တော့ဘဲ variety shows တွေသာ ထပ်ပြီး ရိုက်ကူးခဲ့ပါတယ်။ တောင်ကိုရီးယားမင်းသမီး Baek Jin Hee က ၂၀၀၈ခုနှစ်တုန်းက Missing Person ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။ ပွဲဦးထွက်ပြီးနောက်မှာ Baek Jin Hee ကဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် မျိုးစုံမှာ ပါဝင်ခဲ့ပြီး နာမည်ကြီးပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

Google

Baek Jin Hee က ဘယ်အချိန်ကြည့်ကြည့် ကလေး မျက်နှာလေးဖြစ်ပြီး ချစ်ဖို့အရမ်းကောင်းလွန်းသူလေး ဖြစ်ပါတယ်။ Baek Jin Hee က လက်ရှိမှာ အသက် ၃၀ ကျော် အရွယ် ဖြစ်နေပြီ ဆိုပေမယ့် ၃၀ ကျော် အရွယ်လို့ မထင်ရလောက်ကို နုလွန်းပါတယ်။Baek Jin Hee က လက်ရှိမှာ သူမထက် အသက် ၅ နှစ်ကြီးတဲ့ မင်းသား Yoon Hyun-min နဲ့ တွဲနေတာဖြစ်ပါတယ်၊ သူတို့နှစ်ဦးက အချင်းချင်း ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Daughter Geum Sa-wol ဇာတ်လမ်းတွဲ ရိုက်ရင်း ချစ်ကြွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။

Google

ဇာတ်ကားရိုက်ကူးအပြီးမှာလည်း Baek Jin-hee က နဲ့ Yoon Hyun-min လူသိရှင်ကြား တွဲခဲ့ကြပြီး ရှော့ပင်းစင်တာတွေနဲ့ လူမြင်ကွင်းနေရာတွေအထိ ပေါ်ပေါ်ထင်ထင် တွဲခဲ့ကြပါတယ်။

Google

Baek Jin-hee  ရဲ့ ချစ်သူ မင်းသား Yoon Hyun-min ကလည်း သူ့ရဲ့ကောင်မလေးကို တုန်နေအောင် ချစ်ပြီး မြန်မြန်လက်ထပ်ကာ ကလေးလေးတွေ မွေးချင်နေပြီဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ဖူးပါတယ်။

Google

အနုပညာရှင်စုံတွဲလေးဆိုပေမယ့် ချစ်သူရည်းစားသက်တမ်းကြာနေပြီး တွဲလက်တွေ ခိုင်မြဲနေကြဆဲဖြစ်တဲ့ တောင်ကိုရီးယား စုံတွဲလေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။