တောင်ကိုရီးယားမင်းသား လီဂျီဟန်ဟာဆိုရင် အောက်တိုဘာလ ၂၉ ရက်နေ့ တုန်းက အီထယ်ဝန်သရဲများနေ့ပွဲတော်မှာ လူပိသေဆုံးမှုထဲ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ သားဖြစ်သူ ဆုံးပါခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး လီဂျီဟန်ရဲ့ မိခင်ကြီးက ဝမ်းနည်းပက်လက်နဲ့စာတစ်စောင်ရေးခဲ့ပါတယ်။ သွားလေသူသားဖြစ်သူအတွက် မိခင်တစ်ယောက်ရဲ့ ပူဆွေးသောကကို အတိုင်းသားမြင်တွေ့ရတဲ့ စာ လေးဖြစ်တာကြောင့် ပရိသတ်တွေများစွာက ဝမ်းနည်းခဲ့ကြရပါတယ်။ 

Google

စာလေးထဲမှာ မိခင်ကြီးက “သားရေ မင်းရဲ့ဓာတ်ပုံကို ခေါင်းပေါ်တင်ပြီး အိပ်ပျော်သွားတဲ့အချိန်မှာ မင်းရဲ့ ဆဲလ်ဖုန်းလေးကိုပါ ရင်ခွင်ထဲထည့်ထားမိတယ်။ နေထွက်လာမှာကို ကြောက်လွန်းလို့ နေထွက်ခါနီးဆိုနှလုံးတွေ ပေါက်ထွက်မတတ်ပဲကွယ်။ မင်းပဲပြောခဲ့ဖူးတယ်လေ.. အမေ့ကိုသားဘယ်လောက်ချစ်လဲ သိလားဆိုပြီး … အခုအမေ ကသားအိပ်ရာကိုလာတိုင်း ဘာလို့များ တစ်ယောက်တည်း လွှတ်လိုက်မိတာလဲဆိုတဲ့ အတွေးဝင်မိတယ်.. အမေ့ထက်အရင်ထွက်သွားရလား သားလေးရယ် .စျာပနပွဲမှာ သားကိုချစ်တဲ့ သူငယ်ချင်းတွေ အများကြီးလာကြတယ်။ အမေက အဲ့လူအုပ်ကြီးကိုမြင်ပြီး ငါ့သားလေးက တော်တော်ထူးခြားတဲ့သူပါလားလို့ တွေးမိပြီး ပိုပြီး နှမြောမိတယ် .. ကြေကွဲရလွန်းလို့ ဘဝရဲ့ အဓိပ္ပါယ်ကိုတောင်ရှာမတွေ့တော့ဘူး .. အမေတို့ ထပ်မတွေ့နိုင်တော့ဘူးလား .. ဘုရားသခင်ရေ .. ကျွန်မကိုအရင်ခေါ်သွားရမှာ … စောင့်နေပါသားလေး အမေလိုက်လာခဲ့မယ်” လို့လက်ရေးနဲ့ကြေကွဲစွာရေးသားထားပါတယ်။ 

Instagram 
Google

လီဂျီဟန်ရဲ့ အမေရဲ့ ကြေကွဲဖွယ်စာလေးကြောင့် ပရိသတ်တွေ အများစုကလည်း များစွာ ယူကြုံးမရ ဖြစ်နေကြပါတယ်။ 

Google

တောင်ကိုရီးယားမင်းသား လီဂျီဟန်ဟာဆိုရင် ကွယ်လွန်သွားချိန်မှာ အသက် ၂၄ နှစ်အရွယ်သာ ရှိပါသေးတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။