တောင်ကိုရီးယားမင်းသား Lee Jae Yoon ဟာဆိုရင် မကြာသေးမီက အနုပညာလောကထဲက မဟုတ်တဲ့ ချစ်ရသူလေးနဲ့ တရားဝင်လက်ထပ်လိုက်ပြီပဲဖြစ်ပါတယ်။ 

Google
Google

Lee Jae Yoon က မင်္ဂလာပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့က ဂန်းနမ်းမှာရှိတဲ့ မင်္ဂလာခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီးမင်္ဂလာပွဲ ပုံရိပ်လေးတွေကို မင်းသမီး Kim Sung Ryung က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာဖြစ်ပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသား Lee Jae Yoon က ၂၀၀၄ ခုနှစ်က Nonstop 5 ဇာတ်လမ်းနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး‘Weightlifting Fairy Kim Bok Joo' နဲ့  'Another Miss Oh' ဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Google

ချစ်စရာမင်္ဂလာ သတို့သားနဲ့ သတို့သမီးလေးရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီး ပီတိဖြာစေနိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။