အခု ဖော်ပြပေးမယ့် တောင်ကိုရီးယားမင်းသား ၆ ယောက်ဟာ အမျိုးမျိုးသော အကြောင်းများကြောင့် အချို့သောရုပ်ရှင်များနှင့် ဒရာမာများကို ငွေကြေးလက်ခံခဲ့ခြင်း မရှိဘဲ အခမဲ့သရုပ်ဆောင်ပေးခဲ့ကြပါတယ်။ 

Google

1. Jang Hyuk

Google

တောင်ကိုရီးယားမင်းသား Jang Hyuk ဟာ  2009 ခုနှစ် “Maybe” ဇာတ်ကားအတွက် ငွေကြေးမယူဘဲသရုပ်ဆောင်ပေးခဲ့ရုံသာမက မိတ်ကပ် နဲ့ အဝတ်အစား စတိုင်များ အားလုံးအတွက်လည်း ကိုယ်တိုင် ပေးချေခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး ဘတ်ဂျက်မရှိတာကြောင့် Jang Hyuk ကကုန်ကျစရိတ်တွေအားလုံး စိုက်ခဲ့တာလို့ သိရပါတယ်။

2. Hyun Bin

Google

တောင်ကိုရီးယားမင်းသား Hyun Bin ဟာဆိုရင် လည်း 2011 ခုနှစ်တုန်းက “Come Rain, Come Shine” ဇာတ်ကားထဲမှာ ငွေကြေးတစ်စုံတစ်ရာ မရရှိခဲ့ဘဲ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ Hyun Bin က ဇာတ်ညွှန်းကိုနှစ်သက်တာကြောင့် အခုလိုမျိုး လိုလိုလားလား လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

3. Cho Seung Woo

Google

တောင်ကိုရီးယားမင်းသား Cho Seung Woo ဟာဆိုရင်လည်း အခကြေးငွေမယူဘဲ 2013 ခုနှစ် “Lee Sang That Lee Sang” ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ကဗျာဆရာအဖြစ် သရုပ်ဆောင်ထားတဲ့ Cho Seung Woo ဟာ ဒါရိုက်တာ Choi Jung Kyu ဆီမှာသူပေးခဲ့တဲ့ကတိအတိုင်း ငွေကြေးမယူဘဲ သရုပ်ဆောင်ခဲ့တာလို့ ပရိသတ်တွေက သိထားကြပါတယ်။ 

4. Lee Jong Suk

Google

မင်းသား Lee Jong Suk ဟာဆိုရင်လည်း 2018 ဒရာမာ ဖြစ်တဲ့ “Hymn of Death” မှာ အခကြေးငွေမယူဘဲအမျိုးသားဇာတ်ဆောင်အဖြစ် စေတနာအလျောက် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ ဒါရိုက်တာနဲ့အရမ်းကို ရင်းနှီးတာကြောင့် အခုလိုမျိုး အခကြေးငွေ မယူဘဲသရုပ်ဆောင်ခဲ့တာလို့ ပရိသတ်တွေက ဆိုကြပါတယ်။ 

5. Ahn Sung Ki

Google

မင်းသား Ahn Sung Ki ဟာဆိုရင်လည်း  “In the Name of the Son” (2021)  အတွက် အခမဲ့ သရုပ်ဆောင်ပေးခဲ့ရုံသာမကဇာတ်လမ်းရဲ့ ထုတ်လုပ်ရေး အဖွဲ့သားများအတွက် မိတ်ကပ်အနုပညာရှင်များကိုပါ ငှါးရမ်းပေးခဲ့တယ်လို့သိရပါတယ်။  ဒီလုပ်ရပ်ကြောင့် Ahn Sung Ki ဟာ လူအများရဲ့ ချစ်ခင်အားပေးမှုကို ခံခဲ့ရပါတယ်။

6. Jung Hae In

Google

အချိန်စာရင်းများ ပြည့်နှက်နေပေမယ့်လည်း တောင်ကိုရီးယားမင်းသား Jung Hae In က  2021 တုန်းက ထွက်ရှိခဲ့တဲ့ "Blue Happiness" ဇာတ်လမ်းတွဲမှာ အခမဲ့သရုပ်ဆောင်ရန်သဘောတူညီ ပေးခဲ့တယ်လို့ သိရပါတယ်။အကြောင်းအရင်းကတော့ ဒါရိုက်တာဖြစ်သူက သူငယ်ချင်းဖြစ်တာကြောင့် သူငယ်ချင်းကို ထောက်ပံ့ပေးတဲ့ အနေနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ 

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။