တောင်ကိုရီးယားမင်းသား Bae Yong Joon ဟာဆိုရင် တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေများစွာ ရရှိခဲ့တဲ့သူဖြစ်ပြီး Winter Sonata ဇာတ်လမ်းနဲ့လူသိများခဲ့တဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ KBS2 ရဲ့“Entertainment company live” အစီအစဉ်ကနေ ကော်ပိုရိတ်ရင်းနှီးမြုပ်နှံမှုများမှ အမြတ်အစွန်းရခဲ့သောကြယ်ပွင့်များကို ဖော်ပြခဲ့ပါတယ်။ အဲဒီအစီအစဉ်ထဲမှာ Bae Yong Joon ကို အမြတ်ငွေ ဘီလီယံ ၂၀ အထိ ရရှိပိုင်ဆိုင်နိုင်မယ့်သူအဖြစ် ဖော်ပြခဲ့ပါတယ်။  

Google
Google

Bae Yong Joon  က အနုပညာလောကကနေ လူသိရှင်ကြား အနားယူခဲ့ပြီး စီးပွါးရေးလုပ်ငန်းကို တစ်စိုက်မတ်မတ် ပြောင်းလဲလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google

Show-biz မှ အနားယူပြီးနောက်မှာ မင်းသား Bae Yong Joon ဟာ start-up ရင်းနှီးမြှုပ်နှံမှုများစတင်လုပ်ခဲ့ပါတယ်။  Bae Yong Joon က Start-up လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုကနေ ဝမ်ဘီလီယံပေါင်းများစွာ ရရှိခဲ့တာကြောင့် သူ့ရဲ့ စီးပွါးရေးအမြင်ကိုလည်း ပရိသတ်တွေက အရမ်းကိုလေးစားအားကျနေကြပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသား Bae Yong Joon က ၂၀၁၁ ခုနှစ်တုန်းက Dream High ဇာတ်လမ်းမှာ ပါဝင်ခဲ့ပြီးအနုပညာလှုပ်ရှားမှုကနေ အနားယူကာ စီးပွါးရေးလုပ်ငန်းထဲ ခြေစုံပစ်ဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။