Zirazyo ဟာဆိုရင်ငယ်စဉ်ကလေးဘဝကတည်းက လှပတဲ့မိန်းမတစ်ယောက်ဖြစ်လာဖို့ အိပ်မက်မက်ခဲ့တဲ့ သူဖြစ်ပါတယ်။ Zirazyo က ဝမ်သန်း(၁၀၀) အကုန်အကျခံပြီး သူမရဲ့မျက်နှာကို ခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပါတယ်။ ဝမ်သန်း၁၀၀ က မြန်မာငွေနဲ့တွက်ကြည့်ရင် သိန်းပေါင်း ၁၅၀၀ ကျော်လောက်တန်ဖိုးရှိပါတယ်။
Zirazyo ဟာဆိုရင် ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့အလှအပရေးရာ အကြံပေးသူအဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။ချစ်စရာကောင်းတဲ့ အသွင်အပြင်ကြောင့် နာမည်ကြီးလာတဲ့ Zirazyo က ငယ်ငယ်ကတည်းက ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ရောက်ဖို့ ပလပ်စတစ်ဆာဂျရီလုပ်ဖို့ အိပ်မက်မက်ခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။တကယ်တော့Zirazyo ဟာ မူလတန်းကျောင်းရဲ့ တတိယတန်းနဲ့ စတုတ္ထတန်းမှာကတည်းက ပိုလှလာဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တစ်နေ့မှာတော့ သူမက သူမမိဘတွေကို ပလပ်စတစ်ဆာဂျရီလုပ်ခွင့်ပြုဖို့ တောင်းဆိုပြီး သူမရဲ့ဘဝကိုပြောင်းလဲခဲ့တယ်လို့ဆိုပါတယ်။ Zirazyo ရဲ့မိဘတွေကလည်း သမီးဖြစ်သူရဲ့ဆန္ဒကို သဘောတူခဲ့ကြတာကြောင့် Zirazyo ကယန်း ၁၀သန်း ခန့် ရင်းနှီးမြုပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။ မျက်နှာခွဲစိတ်မှုအတွက် စုစုပေါင်း ကုန်ကျစရိတ်ကတော့ ဝမ်သန်း ၁၀၀ ဖြစ်ပြီး မြန်မာငွေနဲ့တွက်ရင် သိန်းထောင်နဲ့ချီပါတယ်။
Zirazyo ဟာ မျက်နှာခွဲစိတ်မှုအောင်မြင်ခဲ့ပြီး သူမလိုချင်တဲ့ပုံစံအတိုင်း ဖြစ်ခဲ့တာကြောင့် ရလာဒ်ကိုကျေနပ်တယ်လို့ ဆိုပါတယ်။
အထက်တန်းကျောင်းမှာလည်း ချောမောတဲ့မျက်နှာကြောင့် ရေပန်းစားအောင်မြင်ခဲ့ကာအပေါင်းအသင်းတွေလည်းတိုးခဲ့တယ်လို့ သိရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။