တောင်ကိုရီးယားမင်းသမီကြီး Shin-hye Hwang ဟာဆိုရင် တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ များစွာရရှိပိုင်ဆိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက ဘယ်လောက်ထိ အောင်မြင်မှုတွေ ရရှိခဲ့လဲဆိုရင် Shin-hye Hwang Syndrome လို့ တင်စားခေါ်ဝေါ်ရတဲ့ အထိ သူမပုံစံအတိုင်းကို လိုက်လံတုပလေ့ရှိကြပါတယ်။ 

Google

Shin-hye Hwang က ၁၉၈၀ ခုနှစ်မှာ တောင်ကိုရီးယားရဲ့ အလှဆုံးအမျိုးသမီးဖြစ်ခဲ့တာကြောင့် ဒီဘက်ခေတ်ကတချို့ဆိုသူမကို မှတ်မိချင်မှတောင် မှတ်မိကြမှာဖြစ်ပါတယ်။ 

Google
Google

Shin-hye Hwang က ချောမောလှပြီး ပြိုင်စံရှား မင်းသမီးဖြစ်ပေမယ့် သူမရဲ့ အိမ်ထောင်ရေးကတော့ တကယ့်ကိုမတည်မငြိမ်ဖြစ်ခဲ့ပါတယ်။ Shin-hye Hwang က Lee Jeong ဆိုတဲ့ အမျိုးသားနဲ့ ၁၉၈၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး၁၉၈၈ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ Park Min Seo ဆိုတဲ့ အမျိုးသားနဲ့လည်း ၁၉၉၈ ခုနှစ်မှာ ထပ်မံလက်ထပ်ခဲ့ပြီး၂၀၀၅ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ 

Google
Google
Google

Shin-hye Hwang က ပထမယောကျာ်းနဲ့ သမီးလေးတစ်ယောက်ရခဲ့ပြီး သမီးလေးကလည်း အနုပညာလောကထဲကသူပဲဖြစ်ပါတယ်။ 

Google

Shin-hye Hwang ရဲ့သမီးက လက်ရှိမှာ အသက် ၂၃ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ 

Google

Shin-hye Hwang ရဲ့သမီးက Lee Jin Yi ဖြစ်ပြီး သူမရဲ့အောင်မြင်မှုတွေကတော့ တစ်ခေတ်တစ်ခါကသူမရဲ့အမေကို မမီနိုင်ခဲ့ပါဘူး။ မင်းသမီးကြီး Shin-hye Hwang  ကလက်ရှိမှာ အသက် ၅၉ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။