တောင်ကိုရီးယားမင်းသား Kang Ha Neul ဟာဆိုရင် ပြိုင်စံရှားတဲ့ပုံစံကြောင့် နာမည်ကြီးပြီးအောင်မြင်တဲ့သူဖြစ်ပါတယ်။ Kang Ha Neul က စိတ်သဘောထားပြည့်ဝပြီး ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်တဲ့သူဖြစ်တာကြောင့် သူ့အကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေများစွာက ကောင်းတဲ့အကြောင်းလေးတွေပဲ ပြောကြပါတယ်။ 

Google

Kang Ha Neul  ဟာဆိုရင် အောင်မြင်ကျော်ကြားမှုတွေ မရခင်တုန်းက Gimpo မှာရှိတဲ့ သူ့ရဲ့မိဘတွေရဲ့ဆိုင်မှာစားပွဲထိုးအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိလာတဲ့အချိန်မှာတော့ မိဘတွေရဲ့စားသောက်ဆိုင်ဟာလည်း အကြီးကြီး ဖြစ်လာခဲ့ပါတယ်။ 

Google 

Kang Ha Neul က နာမည်ကြီးပြီး အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပေမယ့် အချိန်ရှိတိုင်း မိဘတွေရဲ့ဆိုင်ကိုသွားလေ့ရှိပါတယ်။ ဒါကြောင့် Kang Ha Neul တစ်ယောက် မိဘတွေဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ပုံရိပ်လေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အများကြီးပဲဖြစ်ပါတယ်။

Google 
Google 

တချို့ပုံတွေထဲမှာဆိုရင် မင်းသား Kang Ha Neul က ဖိနပ်တောင် မပါပါဘူး။ Kang Ha Neul ရဲ့ မိဘတွေက လက်ရှိမှာတော့ စားသောက်ဆိုင်ကိုပိတ်ပြီးအနားယူနေကြပြီလို့ သိရပါတယ်။

Google

တောင်ကိုရီးယားမင်းသား Kang Ha Neul က လက်ရှိမှာ KBS drama ဖြစ်တဲ့ Curtain Call မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။