တောင်ကိုရီယားမင်းသား Lee Seo Jin ဟာဆိုရင် ပရိသတ်တွေထင်သလိုမျိုးချမ်းသာကြွယ်ဝတဲ့သူမဟုတ်တဲ့အကြောင်း ပြန်လည်ဖြေရှင်းပေးလာခဲ့ပါတယ်။ Lee Seo Jin က အခုအကြောင်းအရာကို tvN ရဲ့ You Quiz on the Block အစီအစဉ်မှာ နိုဝင်ဘာလ ၉ ရက်နေ့ကထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Google

မင်းသား Lee Seo Jin က အသက်ငယ်ငယ်လေးကတည်းက ရုပ်ရှင်နဲ့ဂီတပိုင်းကို စိတ်ဝင်စားပြီး ရည်ရွယ်ချက်အတိုင်း အနုပညာအလုပ်တွေ လုပ်နိုင်ဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ Lee Seo Jin က စစ်တပ်ကနေ ပြန်လာပြီးပြီးချင်းမှာ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ပါဝင်ခဲ့ပြီး အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။

Google
Google

Lee Seo Jin က စစ်မှုထမ်းဆောင်နေစဉ်ကာလမှာ ထူးချွန်လွန်းတဲ့ အရည်အချင်းရှိတာကြောင့် လုံခြုံရေး အရာရှိအဖြစ်တောင် တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။

Google
Google

Lee Seo Jin က ချမ်းသာကြွယ်ဝလွန်းတဲ့သူဖြစ်ပြီး ပိုင်ဆိုင်မှု ဘီလီယံ ၆၀ ဝမ် ရှိတဲ့ သူဌေးဆိုတာ မမှန်ကန်တဲ့အကြောင်းကိုလည်း ထပ်မံဖြေရှင်းထားပါတယ်။

Google
Google

Lee Seo Jin က ပရိသတ်တွေထင်နေသလိုမျိုး ချမ်းသာတဲ့သူမဟုတ်ကြောင်း ၊ အကယ်၍ချမ်းသာတဲ့သူဖြစ်နေရင် အခုလိုမျိုး ထိုင်နေမှာမဟုတ်ကြောင်း ၊ သူမွေးခါစအချိန်က အဘိုးဖြစ်သူဆီမှာ အိမ်တော်ထိန်း ၆ ယောက်အထိ ရှိကြောင်း ၊ အဘိုးဖြစ်သူက ချမ်းသာလွန်းတဲ့သူဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ စည်းစိမ်ကြွယ်ဝမှုတွေ တဖြည်းဖြည်းနည်းလာကြပြီး ဘာမှ မကျန်ခဲ့တော့ကြောင်း ၊ ဒါ ကြောင့် လက်ရှိ Lee Seo Jin က ဘာမှ မဟုတ်တဲ့သူဖြစ်ကြောင်း ၊ ဒါ ကြောင့် အများထင်သလိုမျိုး ချမ်းသာတဲ့သူမဟုတ်ကြောင်းကို ဖြေရှင်းပြောကြားထားပေးပါတယ်။

တောင်ကိုရီးယားမင်းသား Lee Seo Jin က အသက် ၅၁ နှစ်ရှိနေပြီဖြစ်ပြီး လက်ရှိမှာ လက်မထပ်ရသေးတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။