တောင်ကိုရီးယားမင်းသား Hyun Bin ရဲ့အဖွဲ့ဟာဆိုရင် လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဉရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Latvia ကိုသွားဖို့ရှိတယ်လို့ သိရပါတယ်။ Hyun Bin ရဲ့ခရီးက ခန်းမှန်းချေ တစ်လခွဲခန့်ကြာမယ်လို့ သိရပြီး အဆိုပါအချိန်က Son Ye Jin သားလေးကို မွေးခါစအချိန်ဖြစ်ပါတယ်။ Son Ye-jin က ဒီဇင်ဘာလမှာ ကလေးမီးဖွားရမှာဖြစ်တာကြောင့် ဖခင်ဖြစ်တဲ့ Hyun Bin အနေနဲ့ မိန်းမနဲ့ကလေးအနားမှာ ရှိပေးနိုင်မှာလား မရှိနိုင်ဘူးလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Google

တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့က ၂၀၁၉ ခုနှစ်တုန်းက Crash Landing on You ဇာတ်လမ်းတွဲမှာ အတူတွဲသရုပ်ဆောင်ရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြပြီး ၃ လအကြာမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ဒီဇင်ဘာလမှာ မီးဖွားတော့မယ်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသား Hyun Bin ဟာဆိုရင် လက်ထပ်ပြီးနောက်မှာ ဇာတ်ကားတွေ အဆက်မပျက် ရိုက်ကူးလျက်ရှိပြီး သူ့ကို အချစ်ဇာတ်လမ်းတွေထက် ရုံတင်ဇာတ်ကားတွေထဲမှာ ပိုပြီးတွေ့လာရပါတယ်။

Google

Son Ye Jin ကလေးမီးဖွားပြီးကာစ အချိန်မှာလည်း ဖခင်ဖြစ်တဲ့ Hyun Bin က အလုပ်ခရီးကြောင့် တိုင်းတစ်ပါးမှာ ရှိနေနိုင်မယ့်အပေါ် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။