တောင်ကိုရီးယားမင်းသမီး Goo Hye Sun ဟာဆိုရင် ချစ်ဖို့ကောင်းပြီး လှပတဲ့ မျက်နှာလေးကြောင့်ပွဲဦးထွက်ကာစကတည်းက နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ Goo Hye Sun က ခင်ပွန်းဖြစ်သူ မင်းသား Ahn Jae Hyun နဲ့ ကွာရှင်းခဲ့ပြီးနောက်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းစိတ်ရာပါ ပြင်းထန်စွာ ဝေဖန်ခြင်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ အရင်လို ပြန်ပြီး မပျော်ရွှင်နိုင်တော့တဲ့ F4 မင်းသမီးလေး Goo Hye Sun ဟာ တဖြည်းဖြည်းနဲ့ ပေါ့ပါးတဲ့ အပြုံးတွေပါ ပျောက်ကွယ်ခဲ့ရပါတယ်။ 

Google

နိုဝင်ဘာလ ၈ ရက်နေ့တုန်းကလည်း Goo Hye Sun က ကိုယ်အလေးချိန်ကျပြီး လှပလာတဲ့ပုံရိပ်လေးကို သူမရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။ 

Google
Instagram 
Instagram 

အဆိုပါ ဓာတ်ပုံလေးထဲမှာ Goo Hye Sun က ရှိရင်းစွဲကိုယ်အလေးချိန်ထက် 3kg တိတိကျဆင်းခဲ့တာကြောင့် ပရိသတ်တွေ အားလုံးက အံ့ဩနေကြတာဖြစ်ပါတယ်။Goo Hye Sun ဟာဆိုရင် ကိုယ်အလေးချိန်မြင့်တက်လာတာကြောင့် ပရိသတ်တွေဆီကနေ ဝေဖန်မှုတွေ များစွာရရှိခဲ့တာဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ 3kg တိတိ ပြန်ချနိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေက Goo Hye Sun ရဲ့စိတ်ဓာတ်ပျက်သားမှုကို ချီးကျူးနေကြပါတယ်။ 

Google

Goo Hye Sun က အဆိုပါ ဓာတ်ပုံလေးနဲ့အတူ စင်ကာပူက Global Art Fair schedule ကနေပြန်လာပြီ ဖြစ်တဲ့အကြောင်းကိုလည်း ကြေညာပေးခဲ့ပါတယ်။ 

Google

မကြာသေးမီအချိန်က Goo Hye Sun က စင်ကာပူမှာကျင်းပခဲ့တဲ့Global Art Fair အခမ်းအနားကို တက်ရောက်ခဲ့ပြီး တောင်ကိုရီးယားကို ပြန်လာခဲ့တာဖြစ်ပါတယ်။ 

Google

အဆိုပါ Global Art Fair ပွဲအခမ်းအနားမှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက galleries ပေါင်း ၉၅ ခု ပါဝင်ခဲ့ပြီး မြင့်မားလှတဲ့ တုံ့ပြန်ချက်တွေ များစွာ ရရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။