တောင်ကိုရီးယားသရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ Yeo Jin-goo နဲ့ Kim Yoo-jung တို့ဟာဆိုရင် ကလေးဘဝတည်းက ဇာတ်လမ်းတွဲတွေထဲမှာ အတူတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက လက်ရှိမှာ ကိုယ်စီကိုယ်ငှ လူကြီး သရုပ်ဆောင် ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးနေပြီ ဖြစ်ပေမယ့်လည်း အချင်းချင်း သံယောဇဉ်တွေတိုးပြီး ခင်မင်ရင်းနှီးနေကြဆဲ ဖြစ်ပါတယ်။

Google
Google

မင်းသား Yeo Jin-goo က သူနဲ့ မင်းသမီး Kim Yoo-jung က အရမ်းကို ရင်းနှီးကြတဲ့သူတွေဖြစ်ပြီး ပြောမနာဆိုမနာသူငယ်ချင်းတွေ ဖြစ်တဲ့အကြောင်းကိုလည်း ထပ်ဆောင်းပြောထားပါသေးတယ်။ Kim Yoo-jung ရဲ့ 20th Century Girl ဇာတ်လမ်းလေးကို Yeo Jin-goo ကိုယ်တိုင်ကြည့်ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း Kim Yoo-jung က ထပ်ဆောင်းပြောထားပါသေးတယ်။

Google

Yeo Jin-goo က Kim Yoo-jung က အရမ်းတော်တဲ့သူဖြစ်ကြောင်း ဇာတ်လမ်းကို ကောင်းမွန်စွာ သရုပ်ဆောင်နိုင်တဲ့သူဖြစ်ကြောင်း ၊ ဇာတ်လမ်းကို မကြည့်ရင် Kim Yoo-jung က သူ့ကို အော်မှာဖြစ်ကြောင်း အဲဒါကြောင့် ကြည့်ရတာဖြစ်ကြောင်းကိုပါ ထပ်မံပြောထားပါသေးတယ်။

Google
Google

သူတို့နှစ်ဦးက အချင်းချင်း အရမ်းချစ်ကြတဲ့ သူငယ်ချင်း အရင်းကြီးတွေ ဖြစ်ကြပြီး ငယ်ဘဝတည်းက အတူတွဲ သရုပ်ဆောင်ခဲ့တာကြောင့် သူတို့နှစ်ဦးဇာတ်လမ်းကို ပရိသတ်တွေက မျှော်နေကြပါတယ်။

Google

Yeo Jin-goo က လက်ရှိမှာ အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး Kim Yoo-jung ကတော့ ၂၃ နှစ်အရွယ်ပဲ ရှိပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။