လက်ရှိမှာ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိပြီး စိတ်ဝင်စားမှု မြင့်တက်နေသူလေးကတော့ Mrs Grand Myanmar အလှမယ်လေး Sarah Boih  ပဲ ဖြစ်ပါတယ်။ Sarah Boih က ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသူလေးဖြစ်ပြီး ပိုပြီးထူးခြားတာက ကလေး ၃ ယောက်မိခင်ဖြစ်ပါတယ်။ လှပလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ထားတာကြောင့် Sarah Boih   ကို သမီးလေး ၃ ယောက် အမေလို့တောင် ထင်ရက်စရာမရှိပါဘူး။  

Photo credit to original uploader
Photo credit to original uploader

Sarah Boih က ၂၀၂၁ ခုနှစ်ကတည်းက Mrs Grand Myanmar အိမ်ထောင်ရှင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ခဲ့ပေမယ့် ကိုဗစ်ရောဂါ အခြေအနေရယ် ၊ အခြားအခြေအနေတွေရယ်ကြောင့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ အခုနှစ် Mrs Grand Internaltional 2022 မှာမှ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ထပ်မံဝင်ရောက် ယှဉ်ပြိုင်မယ့် Sarah Boih ဟာ အောင်မြင်မှုတွေရရှိဖို့အကောင်းဆုံး ကြိုးစားထားတယ်လို့ သိရပါတယ်။

Photo credit to original uploader
Photo credit to original uploader

Sarah Boih   က လက်ရှိမှာ Mrs Grand Myanmar 2022 အိမ်ထောင်ရှင် ပြိုင်ပွဲကို အကောင်းဆုံးယှဉ်ပြိုင်လျက်ရှိပါတယ်။ Mrs Grand Myanmar 2022 မှာ နိုင်ငံပေါင်း ၃၀ ကျော်က အိမ်ထောင်ရှင် အမျိုးသမီး‌ အလှမယ်တွေ ဝင်ရောက် ဝင်ပြိုင်ကြမှာဖြစ်တာကြောင့် Sarah Boih ကို ခွန်အားနဲ့အပြည့်ယှဉ်ပြိုင်နိုင်စေဖို့ အားပေးလိုက်ကြရအောင်နော်။

Photo credit to original uploader
Photo credit to original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။