မကြာသေးမီက တောင်ကိုရီးယားမင်းသား Song Joong Ki နဲ့ မင်းသမီး Kim Tae Ri တို့ တွဲနေကြတယ်ဆိုတဲ့သတင်းတွေ ပရိသတ်တွေကြားမှာ ပြန့်နှံ့လာခဲ့ပါတယ်။ သတင်းတွေနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အေဂျင်စီတွေက မဟုတ်မှန်ကြောင်း တရားဝင်ငြင်းဆိုခဲ့ပြီး ထွက်လာတဲ့ သတင်းတွေက မမှန်ကန်ကြောင်း ဖြေရှင်းခဲ့ကြပါတယ်။ 

Google

ကာယကံရှင်ဖြစ်တဲ့ မင်းသား Song Joong Ki ကိုယ်တိုင်လည်း မဟုတ်မှန်ကြောင်း အရိပ်အမြွတ်အကြောင်းအရာလေးတွေ တင်ခဲ့ပြီး ပိုပြီး ထူးခြားတာက အဲဒီအချက်လေးတွေထဲမှာ ဇနီးဟောင်းဖြစ်သူ Song Hye Kyo ကို ချစ်နေဆဲဆိုတာကိုပါ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

Google

Song Joong Ki နဲ့ Song Hye Kyo   တို့က ကွာရှင်ထားတာ ၃ နှစ်ရှိသွားပြီဖြစ်ပေမယ့် သူတို့ ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အဖြူနဲ့အမဲဓာတ်ပုံတွေကို တိုက်ထားသလား ထင်ရလောက်အောင်ကို မကြာခဏတင်ကြပါတယ်။ နှစ်ဦးစလုံးက ဓာတ်ပုံလေးတွေတင်တဲ့အချိန်ဟာဆိုရင်လည်း သိပ်ပြီး ကွာခြားခြင်းမရှိဘဲ တစ်ခါတစ်လေ ပိုစ့်လေးတွေတောင် သွားပြီ တူနေတတ်ကြပါတယ်။  

Google

အဖြူအမဲဓာတ်ပုံလေးတွေ တင်တာချင်းတူနေတာကြောင့် ပရိသတ်တွေ အများစုက သူတို့နှစ်ဦးရဲ့ ခြေလှမ်းတွေကို စဉ်ဆက်မပျက် စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ တချို့ ပရိသတ်တွေကလည်း Song Joong Ki နဲ့ Song Hye Kyo   တို့က အဖြူအမဲ ဓာတ်ပုံတင်တဲ့ ဝါ သနာချင်းတူတာကြောင့် အခုလိုမျိုးတင်ကြတာလို့ သုံးသပ်ထားကြပါတယ်။

instagram
instagram

တချို့ပရိသတ်တွေကလည်း Song Joong Ki နဲ့ Song Hye Kyo  တို့က အချင်းချင်း စောင့်ကြည့်နေကြပြီး ကွာရှင်းခဲ့ကြပေမယ့် စိတ်ထဲမှာ မပျက်နိုင်ကြသေးဘူးလို့ ဆိုကြပါတယ်။ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ကြပေမယ့် ဝါ သနာတူပြီး စိတ်ချင်းပါ ဆက်နွယ်နေတဲ့ သူတို့နှစ်ဦးကို ပရိသတ်တွေက များစွာ ပြန်ပေါင်းစေချင်နေကြပါတယ်။ ဩဂုတ်လတုန်းက KBS ရဲ့ TV Show တစ်ခုမှာ စိတ်ပညာရှင်တွေ အများစုက Song Joong Ki နဲ့ Song Hye Kyo  တို့နှစ်ဦးပြန်ပြီးပေါင်းနိုင်ချေက အရမ်းမြင့်တယ်လို့လည်း ခန့်မှန်းပေးထားကြပါတယ်။

instagram

လက်ရှိမှာ Song Joong Ki က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်လွှင့်မယ့် ဇာတ်ကားအတွက် အလုပ်တွေ ရှုပ်နေပြီး Song Hye Kyo    ဟာဆိုရင်လည်း The Glory ဇာတ်လမ်းအတွက် အလုပ်တွေများနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လိုက်ဖက်လွန်တဲ့သူတို့နှစ်ဦးသာ ပြန်ပေါင်းနိုင်ကြဖို့အတွက် ဆုတောင်းပေးနေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။